ထားဝယ်မှာ အသက်မပြည့်သေးသည့် မိန်းကလေး ၂ ဦးအပါအဝင် ၃ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး

ထားဝယ်မှာ အသက်မပြည့်သေးသည့် မိန်းကလေး ၂ ဦးအပါအဝင် ၃ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ၊ ဆန်းချီရပ်ကွက်မှာ စက်တင်ဘာလ ၁၂ ရက်နေ့ညက အသက်မပြည့်သေးသည် မိန်းကလေး ၂ ဦးအပါအဝင် စုစုပေါင်း ၃ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

အဆိုပါ မိန်းကလေးတွေကို စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်ပတ်သက်သည်ဟု အကြောင်းပြချက်နဲ့ လာရောက်ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူတွေမှာ အသက် ၁၀ နှစ်အရွယ် မအိမြတ်ချယ်၊ အသက် ၁၅ နှစ်အရွယ် မယွန်းယွန်းနဲ့ အသက် ၂၀ နှစ်အရွယ် မမြတ်ဆုမွန်တို့ ၃ ဦးတို့ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အဆိုပါ မိန်းကလေးတွေနေအိမ်မှ ဖုန်း ၁၀ လုံးခန့်ကိုလည်း သိမ်းဆည်းသွားတယ်လို့ သိရပါတယ်။

“ညက ရပ်ကွက်ထဲကို စစ်ကောင်စီတပ်သားတွေ အင်အားအများကြီးဘဲ ဝင်စစ်တယ်။ မိန်းကလေး ၃ ယောက်ကိုလဲ ဖမ်းသွားတယ်။ အသက်မပြည့်သေးတဲ့ မိန်းကလေးတွေလဲပါတယ်။ ဘယ်ခေါ်သွားလဲတော့မသိဘူး” လို့ ဒေသခံတစ်ဦးက သံလွင်တိုင်မ်းကို ပြောပါတယ်။

စက်တင်ဘာလ ၁၃ ရက်နေ့မှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆန်းချီရပ်ကွက်၊ အိမ်ရှေ့ပြင်၊ ဆင်ဆိပ်တို့အပြင် မြို့တွင်းနေရာတော်တော်များများမှာ စစ်ဆေးမှုတင်းကြပ်နေတာဖြစ်ပါတယ်။

 
 

 

 

Most read this week

ပုံဟောင်း (Crd)
August 5, 2026
မွန်ပြည်၊ သထုံခရိုင်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ဒေသခံပြည်သူများကို ဒေသန္တရအမိန့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 4, 2026
မွန်ပြည်တွင် စစ်တပ်က ကျားဖြန့်လုပ်ငန်းများမှ သိမ်းဆည်းထားသည့် လူအသုံးအဆောင် ပစ္စည်းများကို...
August 3, 2026
စစ်အုပ်စု အနေဖြင့် နိုင်ငံတော်သစ်တည်ဆောက်ရေးကို အရှိန်ရအောင် နှစ်နှစ် အချိန်ယူမည်ဖြစ်ပြီး...
July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...