သျှမ်းတပ် (၂) တပ် မိုင်းကိုင်မြို့နယ်အတွင်း စစ်ရေးပြင်းထန်နေ

သျှမ်းတပ် (၂) တပ် မိုင်းကိုင်မြို့နယ်အတွင်း စစ်ရေးပြင်းထန်နေ

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ဟိုခဲကျေးရွာအုပ်စု နမ့်အွန်ကျေးရွာအနီး ယနေ့ (စက်တင်ဘာ ၁၄) ရက် မနက် ၈ နာရီမှစတင်ကာ လက်ရှိအချိန်ထိ သျှမ်းတပ် (၂) တပ် တိုက်ပွဲပြင်းထန်ကြောင်း စုံစမ်းသိရှိရသည်။

“တိုက်ပွဲဖြစ်တာ ဟုတ်ပါတယ်။ ဒီမနက် (၈) နာရီလောက်က ခုလက်ရှိချိန်ထိ တိုက်ပွဲဖြစ်နေတုန်းပဲ။ မြေပြင်သတင်းအချက်လက်တော့ ကျနော်တို့လဲ မသိရသေးဘူး” ဟု RCSS/SSA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးခမ်းစံက သျှမ်းသံတော်ဆင့်ကိုပြောသည်။

အဆိုပါ တိုက်ပွဲပြင်းထန်းဖြစ်ရခြင်းနှင့်ပတ်သက်ပြီး မည်သည့်အကြောင်းကြောင့် ဖြစ်ပွားသည်ကို မသိရှိသေးပေ။

သျှမ်းတပ် (၂) တပ်သည် လွန်ခဲ့သည့် ဇွန်လဆန်းပိုင်းကစတင်ကာ နယ်မြေကျူးလွန်မှုဆိုသည့် အပြန်အလှန် ငြင်းခုံမှုကြောင့် ဖြစ်ပွားလာခဲ့သည့်မှာ ယနေ့ချိန်ထိဖြစ်ကြောင်း သိရသည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် (SSPP/SSA) တိုဖြစ်ပွားသည့် တိုက်ပွဲကြောင့် စစ်ရှာင် ထောင်ချီ နယ်မြေစွန့်ခွာပြီး စစ်ရှောင်နေရသလို တဖက်မှာလည်း ကိုဗစ်-၁၉ မြင့်တက်မှုကြောင့် စစ်ရှောင်အတွင်း ကိုဗစ်ကူးစက်ခံရမှုထိ ရှိလာကြသည်။

လက်ရှိ စစ်အာဏာရှင်ဆန့်ကျင်မှုပြုလုပ်နေချိန် သျှမ်းတပ် (၂) တပ် တိုက်ပွဲဖြစ်ပွားနေခြင်းကိုလည်း သျှမ်းလူထုများက လက်မခံသည့်အပြင် စစ်ရေးအမြန်အဆုံးသတ်ပြီး စစ်အာဏာရှင်ကို တွန့်လှန်ပေးရန်လည်း ပြည်သူများက တောင်းဆိုလိုက်သည်။

 
 

 

 

May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...
May 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည်...
May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...