တောင်လေးလုံးထောင်ရောက် နိုင်ငံရေးအကျဉ်းသားများ ပိုင်ဆိုင်မှုကို စစ်ကောင်စီ တောင်းယူ

တောင်လေးလုံးထောင်ရောက် နိုင်ငံရေးအကျဉ်းသားများ ပိုင်ဆိုင်မှုကို စစ်ကောင်စီ တောင်းယူ

သျှမ်းပြည် တောင်ကြီးမြို့နယ်ရှိ နွေဦးတော်လှန်ရေးကာလအတွင်း တောင်လေးလုံးသို့ အကျဉ်းချထားခံထားရသည့် နိုင်ငံရေးအကျဉ်းသားများ၏ ပိုင်ဆိုင်မှုများကို စစ်ကောင်စီက စာရင်းကောက်တောင်းယူကြောင်း သတင်းသိရသည်။

အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်ရေးနှင့် အာဏာရှင်စနစ် ဖြုတ်ကျရေးအတွက် တောင်ကြီးမြို့နယ်အတွင်း ဆန္ဒပြ တောင်းဆိုသူများကို စစ်ကောင်စီက လိုက်လံရှာဖွေဖမ်းဆီးပြီး ညောင်ရွှေအကျဉ်းထောင် (တောင်လေးလုံးအကျည်းထောင်) တွင် အကျဉ်းချထားခံထားရသူများ၏ ပိုင်ဆိုင်မှု စာရင်းများကို စစ်ကောင်စီတို့က လိုက်လံတောင်းယူနေကြောင်း နိုင်ငံရေးအကျဉ်းသားတစ်ဦး၏ မိသားစုဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ထောင်က (တောင်လေးလုံး) ဝန်ထမ်းပါ ဆိုပြီးတော့ ဖုန်းဆက်လာတယ်၊ ပြီးတော့ ကျမအမျိုးသားရဲ့ ပိုင်ဆိုင်မှု ဘာတွေရှိလဲ ဘယ်လောက်ရှိလဲဆိုပြီး မေးလာတယ်၊ ကျမက ဘာလို့မေးလဲဆိုတော့ အထက်ကမေးခိုင်းလို့ပါတဲ့၊ ကျမတို့မှာ လင်မယားတွေဆိုတော့ လင်ပိုင်တဲ့ ပစ္စည်းလည်း မိန်းမပိုင်တာပဲ၊ မိန်းမပိုင်ပစ္စည်းတွေလည်း ယောက်ျားပိုင်တဲ့ ပစ္စည်းလိုပဲလေ” ဟု ဖုန်းဆက်မေးမြန်းခြင်းခံရသည့် အမျိုးသမီးတစ်ဦးက သျှမ်းသံ တော်ဆင့်ကို ပြောသည်။

စစ်ကောင်စီတို့၏ ဖမ်းဆီးထိန်းသိမ်းမှုကိုခံရပြီး တောင်လေးလုံးအကျဉ်းထောင်တွင် အကျဉ်းချထားခံထားရသည့် နွေဦးတော်လှန်ရေးကာလအတွင်း ပါဝင်ခဲ့သည့် လူငယ်များ၏ ပိုင်ဆိုင်မှုများကို သိမ်းမည်ဟုလည်း သတင်းများထွက်ပေါ်နေကြောင်း ပြီးခဲ့သည့် မတ်လအတွင်းက ဖမ်းဆီးခြင်းခံရသည့် ကျောင်းသားတစ်ဦး၏ ဖခင်ကလည်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဟုတ်ပါတယ်၊ ကျနော်ဆီကိုလည်း ဖုန်းဆက်မေးလာတယ်၊ သားရဲ့ပိုင်ဆိုင်မှုတွေကို စာရင်းလုပ်ပေးထားပါတဲ့၊ ဘာကြောင့်လဲဆိုတော့ မပြောပြဘူး၊ အပြင်ကနေ ကြားရသလောက်တော့ ဖမ်းဆီးခံထားရတဲ့ လူငယ်တွေရဲ့ ပိုင်ဆိုင်မှုကို သိမ်းမယ်ဆိုလည်း ကြားမိတယ်” ဟု နိုင်ငံရေးအကျဉ်းသားတစ်ဦး၏ ဖခင်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီတို့မှ ပိုင်ဆိုင်မှုစာရင်း ကောက်ယူတောင်းခံနေသည့် နိုင်ငံရေးအကျဉ်းသားအများစုသည် တောင်ကြီးမြို့ခံများဖြစ်ကြပြီး တချို့သောလူငယ်များက ကျောင်းသားများပင် ဖြစ်နေသေးသည့်အပြင် တချို့သောလူငယ်များက အသက် ၁၈ နှစ်ပင် မရှိသေးကြောင်းလည်း သတင်းသိရသည်။

 
 

 

 

May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...
May 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည်...
May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...