ဟုမ္မလင်းမြို့နယ် နမ့်တောရဲစခန်းတွင် မိုင်းဖောက်ခွဲခံရ

ဟုမ္မလင်းမြို့နယ် နမ့်တောရဲစခန်းတွင် မိုင်းဖောက်ခွဲခံရ

ဟုမ္မလင်းမြို့နယ် နမ့်တောရဲစခန်းတွင် စက်တင်ဘာလ ၁၂ ရက်နေ့ ညနေ ၆ နာရီအချိန်ခန့်က မိုင်းဖောက်ခွဲခံရကြောင်း ဒေသခံများထံမှ သိရသည်။

“ညနေ မှောင်ရီပျိုးချိန် ၆ နာရီလောက်မှာ အသံအကျယ်ကြီး ကြားလိုက်တယ်။ ခဏအကြာမှာပဲ သေနတ်သံတွေထွက်လာတယ်။ မိုင်းကွဲတဲ့အသံက နမ့်တောရွာနဲ့ ပတ်ဝန်းကျင်ကရွာတွေကပါ ကြားရတယ်” ဟု ဒေသခံတစ်ဦးက ရှမ်းနီအသံကို ပြောသည်။

ထိုမိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်မှုများနှင့် မည်သည့်အဖွဲ့အစည်းက ပြုလုပ်သည်ကို မသိရသေးကြောင်း ဒေသခံများက ဆိုသည်။

မိုင်းပေါက်ကွဲပြီးနောက်ပိုင်း စစ်ကောင်စီတပ်များက သွားလာစစ်ဆေးမှုများလည်း ပြုလုပ်လျှက်ရှိခဲ့ကြောင်း သိရသည်။

“ဒေသခံတွေကတော့စိုးရိမ်တာပေါ့ ၊ လွန်ခဲ့တဲ့သုံးလေးရက်ကလည်း သတင်းတွေကြားနေတယ်။ မနေ့ကတော့ ကိုယ်တိုင်ကြားလိုက်ရတာ၊ စစ်ကောင်စီတပ်ကလည်း ဒီနမ့်တောကို မဲနေတာ” ဟု နမ့်တောကျေးရွာသားတစ်ဦးက ပြောသည်။

ရဲစခန်းမိုင်းပေါက်ကွဲပြီးနောက် ဒေသခံများ စိုးရိမ်မှုမြင့်တက်နေသလို၊ စစ်ကောင်စီတပ်များကလည်း လုံခြုံရေးတိုးမြင့်ထားကြောင်း သိရသည်။

May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...
May 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည်...
May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...