လောက်ကိုင်ဒေသတွင် Stay at home မလုပ်သူများ ဖမ်းဆီး

လောက်ကိုင်ဒေသတွင် Stay at home မလုပ်သူများ ဖမ်းဆီး

သျှမ်းပြည်မြောက်ပိုင်း လောက်ကိုင်မြို့နယ်ဒေသတွင် Stay at home အဖြစ် ပျက်ကွက်နေသည့်သူများကို Quarantine ဝင်ရန်အတွက် ခေါ်ယူဖမ်းဆီးထားကြောင်း သိရသည်။

လောက်ကိုင်ဒေသတွင် Stay at home အဖြစ် ပျက်ကွက်သူများကို စက်တင်ဘာ (၇) ရက်နေ့တွင် ၂၉ ဦးနှင့် (၈) ရက်နေ့တွင် ၃၅ ဦး စသည့်တို့ကို ဖမ်းဆီး (၆၀) ကျော်ကို ဖမ်းဆီးထားခဲ့ပြီး ၎င်းတို့ကို ယမန့်နေ့ စက်တင်ဘာ (၁၁) ရက်နေ့က ဝန်ခံဂတိလက်မှတ်ဖြင့် ပြန်လည်လွှပေးခဲ့ကြောင်းသိရသည်။

“လွှတ်တာကတော့ ပြန်လွှတ်ပေးလိုက်ပြီး။ မနေ့က ပြန်လွှတ်ပေးလိုက်တာပါ။ သူတို့တွေကို ဝန်ခံဂတိလက်မှတ်နဲ့ထိုးခိုင်းပြီးလွှတ်ပေးလိုက်တာ။ တစ်ချို့လူတွေက ကိုဗစ် သလောက်ဖြစ်နေတာကို အပြင်ထွက်နေကြသေးတယ်” ဟု လောက်ကိုင်မြို့ တာဝန်ရှိရဲတဦးက ပြောသည်။

ထိုဖမ်းဆီးခံထားရသည့် ၆၄ ဦးကို ရန်လုံကျိုင်းဟိုဖျင်ချိန် Qurantine တွင်ပို့ဆောင်ထားပြီး အသွားလာကို ကန့်သတ်ထားကာ ကိုဗစ် ၁၉ ပိုးစစ်ဆေးရာတွင် ပိုးမတွေ့ရှိသောကြောင့် နေအိမ်ကို ဝန်ခံဂတိဖြင့် ပြန်လည်လွတ်ပေးခဲ့ကြောင်းသိရသည်။

လောင်ကိုင်ဒေသတွင် ထိုဖမ်းဆီးခံထားရသည့် သူများကို ပေါ်တာဆွဲပြီး စစ်ဖြစ်သည့် နေရာပို့ဆောင်ပေးနေခြင်း သတင်းမှန် မဟုတ်ကြောင်း လောက်ကိုင်မြို့နယ် ရဲတပ်ဖွဲ့ လူမှုကွန်ယှက်စာမျက်နှာပေါ်တွင် ဖော်ပြထားသည်။

ယနေ့မှစပြီး Stay at home သတ်မှတ်ချက်ကို မလိုက်နာသည့် ပြည်သူများကို ဖမ်းဆီးထားပြီး Quarantine ၂ ပတ် စောင့်ကြည့်ပြီးထားရှိသွားမည်ဖြစ်ကြောင်း လောက်ကိုင်မြို့နယ်ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

လောက်ကိုင်မြို့နယ်တွင် ယမန့်နေ့ စက်တင်ဘာ ၁၂ ရက်နေ့ထိ ကိုဗစ် ၁၉ ပိုးတွေ့လူနာ (၇၉၄၆) ဦးရှိပြီး လက်ရှိဆေးကုသနေသူ (၁၈၉၈) ဦးနှင့် သေဆုံးသူ (၁၃) ဦးရှိကြောင်း သိရသည်။

May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...
May 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည်...
May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...