ဟုမ္မလင်းမြို့တွင် စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားသူ ပြန်လည်လွှတ်ပေးခဲ့ဟုဆို

ဟုမ္မလင်းမြို့တွင် စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားသူ ပြန်လည်လွှတ်ပေးခဲ့ဟုဆို

ဟုမ္မလင်းမြို့နယ် ဟုမ္မလင်းရပ်ကွက်ရှိ ဒေသခံလေးဦးကို စက်တင်ဘာလ ၈ ရက်နေ့ညက စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီးနောက် စက်တင်ဘာ (၁၀) ရက်နေ့က အားလုံးကို ပြန်လည်လွတ်ပေးခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ၈ ရက်နေ့ ညပိုင်းအချိန်က ဟုမ္မလင်းရပ်ကွက်ရှိ ဦးအောင်ကိုလတ်၊ ဦးစိုးသိမ်း (၎င်းကိုမတွေ့၍ သူ့ဇနီး ဒေါ်ဆွေဆွေအောင်)၊ဦးမင်းနီနှင့် ဦးကျော်စိုးဦးတို့ကို ၎င်းတို့၏ နေအိမ်တွင် လာရောက်ဖမ်းဆီးခြင်းဖြစ်သည်။

“ပြန်လွတ်ခဲ့ပြီတဲ့ မနေ့က အားလုံး၊ ဖောက်ခွဲရေးပစ္စည်းနဲ့ သတင်းရလို့တဲ့” ဟု ဒေသခံတစ်ဦးက ရှမ်းနီအသံကို ပြောသည်။

ဒေသတွင်းသတင်းများအရ ဦးအောင်ကိုလတ်နှင့် ဦးကျော်စိုးဦးကို ညတွင်းချင်း ပြန်လည်လွတ်မြောက်လာခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ဒေသတွင်း မီဒီယာစာမျက်နှာတွင် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ဖြင့် ဆက်စပ်သည်ဟု ပြောဆိုထားသော်လည်း SNA က ၎င်းနှင့်ဖြင့် ဆက်စပ်မှုမရှိကြောင်း ရှမ်းနီအသံကို ပြန်လည်ဖြေဆိုထားသည်။

စစ်ကောင်စီတပ်များသည် ဟုမ္မလင်းမြိုရှိ တောင်ပေါ်ကျောင်းဆရာတော်နှင့် ဒေသခံနှစ်ဦးကို ဇွန်လက ဖမ်းဆီးခဲ့ပြီး၊ CDM ပြုလုပ်ထားသည့် ကျန်းမာရေးဝန်ထမ်းတစ်ဦးကိုလည်း ဩဂုတ်လကုန်ပိုင်းက  ဖမ်းဆီးထားခဲ့သည်။

 
 

 

 

ဟုမ္မလင်း စက်သုံးဆီတင်ရေယာဉ်မီးလောင်ကျွမ်းမှု/Credit
April 22, 2026
ဟုမ္မလင်းမြို့ ချင်းတွင်းမြစ်ထဲမှာ စက်သုံးဆီတင်ရေယာဉ်တွေ မီးလောင်ကျွမ်းမှုဟာ...
April 21, 2026
ကချင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေတာတွေကို ၂ ပတ်ကြာ ရပ်နားထားမှုကြောင့်...
April 11, 2026
ရှမ်းရိုးရာသင်္ကြန်ပွဲတော်ကို မြစ်ကြီးနားမြို့နယ် နောင်ခမ်းရှမ်းရွာမှာ ရိုးရာယဉ်ကျေးမှုနဲ့အတူ...
April 10, 2026
စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကနေ တိုင်းရင်းသားအခြေပြုပါတီများအနေနဲ့ တစ်နိုင်ငံလုံးရဲ့ (၁၅)...