လောက်ကိုင်မြို့နယ်နှင့် ကုန်းကြမ်းမြို့နယ် လူ (၅) ဦးထက် ပိုမစုရ၊ ပုဒ်မ ၁၄၄ ထပ်မံထုတ်

လောက်ကိုင်မြို့နယ်နှင့် ကုန်းကြမ်းမြို့နယ် လူ (၅) ဦးထက် ပိုမစုရ၊ ပုဒ်မ ၁၄၄ ထပ်မံထုတ်

သျှမ်းပြည်မြောက်ပိုင်းရှိ လောက်ကိုင်မြို့နယ်နှင့် ကုန်ကြမ်းမြို့နယ်တို့ကို ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၁၄၄ အမိန့်ထပ်မံ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

လုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပေဒ စိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အများပြည်သူ လိုက်နာကျင့်သုံးနိုင်ရန်ဟုဆိုကာ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးမှူးရုံးက စက်တင်ဘာ ၉ ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

လုံခြုံရေးတာဝန်ရှိသူများမှအပ မည်သူမဆို အမိန့်တစ်စုံတစ်ရာမပါဘဲ ည ၉ နာရီမှ နံနက် ၅ နာရီထိ သွားလာခွင့်မပြု‌ကြောင်းနှင့် လမ်းများ၊ အများ ပြည်သူနှင့်ဆိုင်သည့် နေရာများတွင် လူ ၅ ဦးထက်ပိုပြီး စုဝေးခြင်း၊ စီတန်းလှည့်လည်ခြင်း၊ ဟစ်အော်ကြွေးကြော်ခြင်း၊ လှုံ့ဆော်ခြင်း၊ ရုန်းရင်းဆန်ခတ်ပြုခြင်းများ မပြုလုပ်ရဟု ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ၂၀၁၅ ခုနှစ်‌၊ ဖေဖော်ဝါရီလက စတင်၍ ပုဒ်မ ၁၄၄ အား ၂ လတစ်ကြိမ် ထုတ်ပြန်လာခြင်း ဖြစ်ကြောင်းလည်း သိရသည်။

 
 

 

 

May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...
May 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည်...
May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...