ဝန်ထမ်းများကို ပေးထားသည့် အတိုးမဲ့ချေးငွေ စစ်ကောင်စီပြန်တောင်း

ဝန်ထမ်းများကို ပေးထားသည့် အတိုးမဲ့ချေးငွေ စစ်ကောင်စီပြန်တောင်း

ယခင်အစိုးရက Covid-19 ပြန်လည်ကုစားရေးအတွက် ဝန်ထမ်းများကို ထုတ်ချေးထားသည့် လစာ (၂) လစာ ကြိုတင်ထုတ်ငွေကို အောက်တိုဘာလမှစပြီး ပြန်လည်ကောက်ခံသွားရန်အတွက် စစ်ကောင်စီက ထုတ်ပြန်ထားကြောင်း သိရသည်။



“တောင်းပါစေ၊ မပေးပါဘူး၊ သူတို့ပေးထားတာမှ မဟုတ်တာ” ဟု CDM ပြုလုပ်မှုကြောင့် ထုတ်ပယ်ခံထားရသည့် ဝန်ထမ်းတစ်ဦးကဆိုသည်။



NUG က ဝန်ထမ်းများအတွက် ထုတ်ပေးထားသည့် အတိုးမဲ့ချေးငွေများသည် ၎င်းတို့အတွက် ချီးမြင့်ငွေအဖြစ်သတ်မှတ်ထားပြီး ပြန်လည်ပေးဆပ်ရန်မလိုအပ်ကြောင်း ထုတ်ပြန်ထားသည်။



“စာပို့တာတွေ့တယ် ၊ အရေးယူမယ်တော့ပြောတာပဲ၊ Black list လုပ်မယ်ဆိုတဲ့သဘော၊ ပြန်ဆပ်ဖို့ အစီအစဉ်မရှိဘူး” ဟု ရှမ်းနီတိုင်းရင်းသား CDM ဝန်ထမ်းတစ်ဦးက ပြောသည်။



စစ်ကောင်စီသည် ယခင်အစိုးရလက်ထက်က Covid-19 ပြန်လည်ကုစားရေးအတွက် ချထားပေးသည့် အမျိုးမျိုးသောချေးငွေများကို အာဏာသိမ်းပြီး (၂) လအကြာကတည်းက ပြန်လည်တောင်းခံခဲ့ခြင်းဖြစ်သည်။



Covid-19 ပြန်လည်ကုစားရေးအတွက် လုပ်ငန်းရှင်များအတွက်ချေးငွေ၊ တစ်ပိုင်တစ်နိုင်လုပ်ငန်း၊ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်များအတွက်ချေးငွေ စသည့်ချေးငွေများကို အတိုးအရင်းပြန်ဆပ်ရန်အတွက် ဩဂုတ်လကုန်ပိုင်းက စစ်ကောင်စီက ထုတ်ပြန်ထားသည်။

 
 

 

 

May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...
May 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည်...
May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...