အကြမ်းဖက်မှုများနှင့်ဆက်စပ်၍ တိုက်ခန်း၊ နေအိမ်ငှားရမ်းခြင်းများ စစ်ဆေးတွေ့ရှိရပါက နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရမည်ဟုဆို

အကြမ်းဖက်မှုများနှင့်ဆက်စပ်၍ တိုက်ခန်း၊ နေအိမ်ငှားရမ်းခြင်းများ စစ်ဆေးတွေ့ရှိရပါက နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရမည်ဟုဆို

အကြမ်းဖက်မှုဖြစ်စဥ်များတွင် ပါဝင်ပတ်သက်သော အကြမ်းဖက်သမားမျာကို ခိုလှုံခွင့် (သို့မဟုတ်) ယာယီခိုလှုံခွင့်ပေးထားသည့် အဆောက်အဦများနှင့် ပ်လျဥ်းပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူဆောင်ရွက်နိုင်သည့် အမှုများနှင့်ဆက်စပ်၍ တိုက်ခန်း၊ နေအိမ်ငှားရမ်းခြင်းများ စစ်ဆေးတွေ့ရှိရပါက နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရမည်ဖြစ်ကြောင်း အကြမ်းဖက်မှုတိုက်ဖျက်ရေးအဖွဲ့က စက်တင်ဘာ ၉ ရက်တွင် သတင်းထုတ်ပြန်လိုက်သည်။

အိမ်ရှင်များအနေဖြင့် မိမိတို့၏ နေအိမ်၊ တိုက်ခန်းများအား ငှားရမ်းမည်ဆိုပါက ငှားရမ်းနေထိုင်သူများနှင့် အိမ်ရှင်များ သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ ဧည့်စာရင်းတိုင်ကြားရန် အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့က သတင်းထုတ်ပြန်ခဲ့ခြင်းသည်။

အကြမ်းဖက်တိုက်ဖျက်ရေးဗဟိုအဖွဲ့က “နေအိမ်၊ တိုက်ခန်းငှားရမ်းနေထိုင်ပြီး အကြမ်းဖက်မှုများ ကျူးလွန်ကြောင်း ဖော်ထုတ်ရရှိပါက နေအိမ်၊ တိုက်ခန်းများ ငှားရမ်းစဉ် သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးသို့ ဧည့်စာရင်းတိုင်ကြားထားခြင်းမရှိကြောင်း စိစစ်တွေ့ရှိပါက ငှားရမ်းသည့်ပိုင်ရှင်များတွင် တာဝန်ရှိမည်ဖြစ်သဖြင့် သက်ဆိုင်ရာတည်ဆဲဥပဒေအရ အရေးယူခံရမည်” ဟု ဆိုသည်။

ထိုထုတ်ပြန်ချက်ထဲတွင် CRPH အပါအ၀င် NUG ၊ PDF နှင့် ၎င်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများက အဖျက်အမှောက်လုပ်ရပ်များ လုပ်ဆောင်ရာတွင် တိမ်းရှောင်၊ ပုန်းခိုနေထိုင်ရန်အတွက် နေအိမ်၊ တိုက်ခန်းများအား ငှားရမ်းသုံးစွဲခဲ့ကြကြောင်း ရေးသားထားသည်။

ဩဂုတ် ၁၄ ရက်က ရန်ကုန်မြို့ပတ်ရထားသည် အလုံဘူတာနှင့် ပန်းလှိုင်ဘူတာအကြား အဆိုပါရထားပေါ်တွင် လုံခြုံရေးလိုက်ပါလာသော တပ်ဖွဲ့ဝင်များ ပစ်ခတ်ခံရမှုတွင် ယင်းတရားခံများကို စိစစ်ဖော်ထုတ်ချက်အရ ရန်ကုန်မြို့တွင်းရှိ နေအိမ်၊ တိုက်ခန်းများအား ကာလတိုငှားရမ်းပြီး ဖြန့်ခွဲနေထိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် အိမ်ရှင်များအနေဖြင့် ငှားရမ်းနေထိုင်သူများ၏ ကိုယ်ရေးအချက်အလက်၊ အထောက်အထား ပြည့်စုံစွာဖြင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးထံသို့ သတ်မှတ်ချက်များနှင့်အညီ ဧည့်စာရင်းတိုင်ကြားရန်နှင့် မိမိငှားရမ်းထားသူများသည် သံသယဖြစ်ဖွယ်ရှိကြောင်း တွေ့ရှိပါက သက်ဆိုင်ရာ တာဝန်ရှိသူများသို့ အချိန်မှီ သတင်းပို့အကြောင်းကြားခြင်းဖြင့် ပူးပေါင်းပါဝင်ရန်လည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

မတရားအသင်းဖြစ်ကြေညာခံထားရသည့် CRPH ၊ ယင်းက ဖွဲ့စည်းထားသော NUG ၊ ယင်းကဖွဲ့စည်းသည့် PDF နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများကို အကြမ်းဖက်အဖွဲ့စည်းများအဖြစ် သတ်မှတ်ကြေညာကြောင်း မြဝတီရုပ်သံက ၂၀၂၁ ခုနှစ် မေလ ၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

 
 

 

 

Most read this week

December 19, 2025
တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၁၂ က...
December 18, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ စစ်ကော်မရှင် ဌာနဆိုင်ရာရုံးများကို တော်လှန်ရေး...
Photo credit - social media
December 17, 2025
မွန်ပြည်နယ်မှာ စစ်မှုထမ်းဥပဒေအရဟုဆိုကာ လူငယ်များအား အဓမ္မတပ်သားသစ်စုဆောင်း၍ သင်တန်းပေးနေသည်မှာ...
Photo credit - CJ
December 16, 2025
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းမြစ်အတွင်း စစ်ကော်မရှင်အဖွဲ့၏ ပစ်ခတ်ခံရမှုကြောင့် ရေထဲမျောပါ...