မော်လမြိုင်‌ဈေးကြီး ဆိုင်ခန်းပြန်အပ်သူများလာ

မော်လမြိုင်‌ဈေးကြီး ဆိုင်ခန်းပြန်အပ်သူများလာ

မော်လမြိုင်မြို စျေးကြီးများဖြစ်သော အမှတ် (၁) ဈေး၊ မြိုင်ရတနာနှစ်ထပ်ဈေးနှင့် လေးထပ်ဈေးတို့တွင် အဌားဆိုင်ခန်းဖြင့် ရောင်းချနေသူ ၅၀ ရာခိုင်နှုန်းကျော် ဆိုင်ခန်းများ ပြန်အပ်နေကြပြီဖြစ်ကြောင်း အမှတ် (၁) ဈေးကော်မတီအဖွဲ့ထံမှ သိရသည်။

ကိုဗစ်တတိယလှိုင်း မြင့်တက်လာသည့်ကာလက စည်ပင်သာယာဈေးများတွင် အခြေခံစားသောက်ကုန်ဆိုင်များသာ ဖွင့်ခွင့်ပေးထားပြီး ရွှေ၊ အဝတ်အထည်၊ အိမ်ဆောက်ပစ္စည်းနှင့် ကျန်သည့်ဆိုင်များကို ပိတ်ထားရန် ဇူလိုင် ၅ ရက်တွင် ညွှန်ကြားခဲ့ကြောင်း၊ လက်ရှိအချိန်ထိ ဖွင့်လှစ်ခွင့်မရသောကြောင့် ဆိုင်ခန်းဌားထားသူများ ဆိုင်ခန်း ပြန်အပ်နေကြခြင်းဖြစ်ကြောင်း ဈေးကော်မတီအဖွဲ့ဝင် ဦးစိုးက ပြောသည်။

"ကိုယ်ပိုင်ဆိုင်သမားတွေက ကိစ္စမရှိဘူး။ အဌားသမားတွေဆို ဆိုင်တွေတောင် ပြန်အပ်ကုန်ကြပြီ။ အဌားသမားတွေကျတော့ ဆိုင်ဌားခလည်းပေးရတယ်။ အလုပ်သမားခနဲ့ဆို မကိုက်ကြလို့ အဌားသမားတွေ တော်တော်များများ ဆိုင်ပြန်အပ်ကုန်ကြပြီ" ဟု ၎င်းကပြောသည်။

အခြေခံစားသောက်ကုန်ဆိုင်များ ဖွင့်လှစ်ခွင့်ပေးထားသော်လည်း ဈေးများသို့ လာရောက်ဝယ်ယူသူ နည်းနေသောကြောင့် တစ်ချို့ဆိုင်သမားများ ဆိုင်ပိတ်ထားကြောင်း၊ ကိုယ်ပိုင်ဆိုင်ခန်းရှိသူများသာ ဆက်လက်ရောင်းချရန် အဆင်ပြေသည့် အနေအထားဖြစ်နေကြောင်း ၄င်းက ဆက်ပြောသည်။

အမှတ် (၁) ဈေးမှ စက်နှင့်စက်ပစ္စည်း၊ ချည်ထည်များ ရောင်းချနေသူတစ်ဦးက "အခုတော့ အိမ်မှာပဲ အိမ်ဆိုင်လေးဖွင့်ဖို့စီစဉ်ထားတယ်။ ဆိုင်ခန်းက မဖွင့်ရဘူး။ ဆက်ပြီး ယူထားမယ်ဆို ဌားခက ‌ပေးရမယ်ဆိုတော့ အဆင်မပြေဘူးလေ။ ဈေးကလည်း ဘယ်ချိန်မှ ဖွင့်ခွင့်ရမလဲဆိုတာ ဘယ်သူမှ မသိဘူးလေ" ဟု ၎င်းကပြောသည်။

ဆိုင်ခန်းဌားခသည် နေရာပေါ်မူတည်ပြီး ဈေးနှုန်း တစ်သိန်းမှ ၇ သိန်းထိပေးရကြောင်း၊ ကိုဗစ်စည်းကမ်းနှင့်အညီ ပြန်လည်ဖွင့်ခွင့်ရပါက ဈေးသူဈေးသားများနှင့် ဈေးကိုမှီခိုနေကြသူများ စားဝတ်နေရေး အဆင်ပြေလာမည်ဖြစ်‌ကြောင်း သိရသည်။

မော်လမြိုင်အမှတ် (၁) ဈေး၊ မြိုင်ရတနာ နှစ်ထပ်ဈေးနှင့် လေးထပ်ဈေးတို့တွင် ဆိုင်ခန်းပေါင်း ၂၀၀၀ ကျော်၊ ကုန်ထမ်းသမားများအပါအဝင် အခြေခံလုပ်သား ၃၀၀၀ နီးပါး အလုပ်လုပ်ကိုင်ခဲ့ကြောင်း သိရသည်။

 
 

 

 

Most read this week

August 26, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ထားဝယ်ရေနက်ဆိပ်ကမ်းအနီးရှိ ကျေးရွာများမှ စစ်အုပ်စုတပ်...
August 25, 2026
မုဒုံ-အဘစ်-ကြာအင်းဆိပ်ကြီး လမ်းပိုင်းနှင့် မော်လမြိုင်-ကြာအင်းဆိပ်ကြီး လမ်းပိုင်းမှ...
ဓာတ်ပုံ - Crd (မြဝတီမြို့ခံတစ်ဦး၏ လူမှုကွန်ရက်) ဩဂုတ်လ ၂၄ ရက်နေ့ မြဝတီမြို့ပေါ် ရေလွှမ်းမိုးနေသည့် အခြေအနေ။
August 24, 2026
သောင်ရင်းမြစ်ရေသည် စိုးရိမ်ရေအမှတ်ထက် ပြန်လည်ကျော်လွန်လာသဖြင့် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း...
August 24, 2026
ထိုင်းနိုင်ငံ၏ တရားဝင် တိုင်းရင်းသားမျိုးနွယ်စုတစ်ခုအဖြစ် မှတ်ပုံတင်နိုင်ရေးအတွက်...