မိုင်းရယ်မြို့နယ်တွင်း လူငယ်များထံ သေနတ် ၉ လက်နှင့် ကျည်များ သိမ်းဆည်းရမိ

မိုင်းရယ်မြို့နယ်တွင်း လူငယ်များထံ သေနတ် ၉ လက်နှင့် ကျည်များ သိမ်းဆည်းရမိ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးခရိုင် မိုးရယ်မြို့နယ်တွင် လူငယ် (၃) ဦးထံ သေနတ် ၉ လက်နှင့် ကျည်ဆန်များသိမ်းဆည်းရမိကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (စက်တင်ဘာ ၈ ရက်) နေလယ် ၂ နာရီကျော်တွင် မိုင်းရယ်မြို့ရဲစခန်းမှ ရဲအုပ်အပါအဝင် စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ (မိုင်းရယ်) နှင့် ပူးပေါင်းအဖွဲ့များသည် မိုင်းရယ်မြို့နယ်၊ ဟိုယကျေးရွာနှင့် နမ္မတုံးကျေးရွာကြား ပိတ်ဆို့ စစ်ဆေးမှုများ ပြုလုပ်နေစဉ် မိုင်းရယ်မြို့နယ်ဘက်မှ လားရှိုးဘက်သို့ မောင်းနှင်လာသည့် ယာဉ်အမှတ်၊ 1J-1547 (Crown Athlete) အဖြူရောင်ယာဉ်အား ရပ်တန်းစစ်ဆေးရာ ယာဉ် ၏ နောက်ခုံကျောမှီအတွင်း သိုဝှက်ထည့်သွင်းသယ်ဆောင်လာသည့် သေနတ် ၉ လက်နှင့် ကျည်မျိုးစုံ ၅၉ တောင့်အား ဖမ်းဆီးရမိခဲ့ကြောင်း မိုင်းရယ်မြို့ ရဲစခန်းမှ စခန်းမှူးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျနော်တို့ မူးယစ်တပ်ဖွဲ့နဲ့ ပူးပေါင်းတပ်ဖွဲ့က မိုင်းရယ်မြို့နယ်နဲ့ ၁၁ မိုင်ခန့်ဝေးတဲ့နေရာမှာ စစ်ဆေးမှုတွေ ပြလုပ်နေတဲ့ချိန် တောင်ဖက်ကနေ မြောက်ဖက်ကို မောင်းနှင်လာတဲ့ ကားစတစ်စီးကို စစ်ဆေးမိတော့ သေနတ်တွေ တွေ့ရတောပေါ့၊ တရားခံကိုလည်း ဖမ်းဆီးရမိပါတယ်၊ ကျား ၂ယောက် မတစ်ယောက်ပါ” ဟု မိုင်းရယ်မြို့နယ် ရဲစခန်းမှ စခန်းမှူးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ယာဉ်မောင်းနှင်လာသူသည် မူဆယ်မြိုနေ စိုင်းလင်းအောင်ခိုင် ဆိုသူဖြစ်ပြီး ၎င်းနှင့်အတူ ဇနီးဖြစ်သူ နန်းမိုအေးနှင့် နမ့်ခမ်းမြို့နေ စိုင်းစိုးမိုးအောင်တို့က အတူလိုက်ပါလာကြောင်းနှင့် လက်ရှိတွင် တရားမဝင် လက်နက်ဥပဒေ သျှမ်းလက်နက် ပုဒ်မ (၁၂) အရ မိုင်းရယ်မြို့ မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်းလည်း စခန်းမှူးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့စီက သေနတ်တို၊ သေနတ်ရှည် အမျိုးအစားမတူတဲ့ သေနတ် ၉ လက်နဲ့ ကျည်တောင့်မျိုးစုံ ၅၉ တောင့်ကို စစ်ဆေးဖမ်းမိပါတယ်၊ တရားမဝင် လက်နက်တွေကို သယ်ဆောင်တယ်၊ လက်ဝယ်ထားရှိတဲ့ အတွက်ကြောင့် သျှမ်းလက်နက် ပုဒ်မ (၁၂) အရ သူတို့ကို အမှုဖွင့် အရေးယူထားပါတယ်၊ မိုင်းရယ် မြို့မရဲစခန်းမှာပဲ” ဟု စခန်းမှူးက ပြောသည်။

မိုင်းရယ်မြို့အတွင်း ယခုကဲ့သို့ လက်နက်များကို ဖမ်းဆီးမှုများမရှိသလောက် ရှားပါးလာခဲ့သော်လည်း စစ်တပ်မှ နိုင်ငံတော်အာဏာသိမ်းပြီးနောက်ပိုင်း တရားမဝင်သယ်ဆောင်လာသည့် လက်နက်ခဲယမ်းများနှင့် မူးယစ်ဆေးဝါးများကို ဖမ်းဆီးမှုများ မကြာခဏရှိလာကြောင်းလည်း သိရသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...