ကရင်နီပြည်က စစ်ကောင်စီတပ်ရင်းတွေကို ပူးပေါင်းဖို့ ဖိတ်ခေါ်တာ နောက်ဆုံးအကြိမ်ဖြစ်နိုင်ကြောင်း KNDF ဆို

ကရင်နီပြည်က စစ်ကောင်စီတပ်ရင်းတွေကို ပူးပေါင်းဖို့ ဖိတ်ခေါ်တာ နောက်ဆုံးအကြိမ်ဖြစ်နိုင်ကြောင်း KNDF ဆို

ကရင်နီပြည်နယ်အခြေစိုက် စစ်ကောင်စီတပ်ရင်းတွေအနေနဲ့ အချိန်နောက်မကျခင် ကရင်နီအမျိုးသား ကာကွယ်ရေးတပ် KNDF နဲ့ အမြန်ဆုံး လာရောက်ပူးပေါင်းပေးဖို့ ဖိတ်ခေါ်တဲ့စာကို စက်တင်ဘာ (၈) ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ အခုလိုဖိတ်ခေါ်တာ နောက်ဆုံးအကြိမ်လည်းဖြစ်နိုင်တယ်လို့ KNDF ပြောဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။

”အဓိက ဒါက နောက်ဆုံးဖိတ်ခေါ်တဲ့စာလည်း ဖြစ်နိုင်တယ်။ ရေးထားတဲ့အတိုင်းမျိုးပေါ့။ ကျနော်တို့နယ်မြေခံတွေ အခု ကျနော်တို့ပြည်နယ်ကို ရောက်နေတဲ့ ရဲတွေ စစ်တပ်တွေ လူထုနဲ့ပူးပေါင်းဖို့ အချိန် နောက်မကျသေးဘူး။ အဲ့တာကြောင့် အမြန်ဆုံး ပြန်လာပူးပေါင်းဖို့ ကျနော်တို့ကနေ ကြိုဆိုတဲ့စာကိုလေ ကျနော်တို့အထဲမှာ ရေးထားတဲ့အတိုင်းပါပဲ။ ပူးပေါင်းခဲ့ရင်တော့ ကျနော်တို့ ထိုက်သင့်လျောက်ပတ်တဲ့ ဆုကြေးငွေ လုံခြုံတဲ့နေရာထားပေးဖို့ ကျနော်တို့ အားလုံးစီစဥ်ပြီးသား စီစဥ်ပြီးပြီဖြစ်တယ်ပေါ့။“

ကရင်နီပြည်နယ်မှာဆိုရင် တိုက်ပွဲဖြစ်နေတာ ၃ လကျော်ရှိလာပြီဖြစ်ပြီး စစ်သားတွေ၊ ရဲတွေ မုန်းလို့ တိုက်နေတာမဟုတ်သလို NLD အတွက်၊ တိုင်းရင်းသားပါတီတွေ အာဏာရရေးအတွက် တိုက်နေတာမဟုတ်ကြောင်း ပါရှိပါတယ်။

တိုင်းပြည်အပေါ် နှစ်ပေါင်း ၆၀ ကျော် လက်နက်အားကိုး ဗိုလ်ကျပြီး ကိုယ်ကျိုးအတွက် အာဏာကို အလွဲသုံးစားလုပ်နေတဲ့ စစ်ဗိုလ်တစ်စုနဲ့ အပေါင်းအပါတွေကို တော်လှန်တိုက်ခိုက်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်အာဏာရှင်စနစ်ကို အပြီးတိုင်ဖျက်သိမ်းပြီး ဖယ်ဒရယ်ပြည်ထောင်စု ဖော်ဆောင်နိုင်ဖို့အတွက် တော်လှန်နေကြချိန်မှာ အမြန်ဆုံးပြီးမြောက်အောင် မြင်ဖို့အတွက် အဖိနှိပ်ခံ ပြည်သူတွေဖက် ရပ်တည်ပေးဖို့လည်း ပါရှိပါတယ်။

ကရင်နီပြည်နယ်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်ဖို့ရှိပြီး အခုရက်ပိုင်းအတွင်းမှာလည်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်။

 
 

 

 

Most read this week

August 22, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ခြမ်းနှင့် အနောက်ဘက်ခြမ်းရှိ နေရာများကို စစ်အုပ်စုတပ်က ယခုရက်...
August 20, 2026
ဂျန်ဒါအခြေပြု အကြမ်းဖက်မှုများ လျှော့ချနိုင်ရေးအတွက် အမျိုးသမီးများအတွက် လိုအပ်သည့် အကူအညီများ...
(ဓာတ်ပုံ - Crd)
August 19, 2026
ကရင်နီပြည်တွင် သစ်တောပြုန်းတီးမှု ကာကွယ်လျှော့ချနိုင်ရန်အတွက် ထင်းမီးအစားထိုး လောင်စာတောင့်...
ဓာတ်ပုံ - Crd
August 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတွင် Starlink ကုမ္ပဏီ၏ မူဝါဒပြောင်းလဲမှုများကြောင့်...