ကုန်ဈေးနှုန်းမြင့်တက်မှုကြောင့် အခြေခံလူတန်းစားများ စားဝတ်နေရေးခက်ခဲလာ

ကုန်ဈေးနှုန်းမြင့်တက်မှုကြောင့် အခြေခံလူတန်းစားများ စားဝတ်နေရေးခက်ခဲလာ
ဆန်ပြုတ်အလှူတော် (သာသနာနွယ်ဖောင်ဒေးရှင်း)
ဆန်ပြုတ်အလှူတော် (သာသနာနွယ်ဖောင်ဒေးရှင်း)

ကိုဗစ်တတိယလှိုင်း နှင့် နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် ကုန်ဈေးနှုန်း မြင့်တက်လာမှုများကြောင့် အခြေခံလူတန်းစားများ စားဝတ်နေရေး ပိုမိုခက်ခဲလာသလို အလုပ်အကိုင်လည်းမရှိတော့ကြောင်း မော်လမြိုင်မြိုမှ ဒေသခံတစ်ဦးက ပြောသည်။

"တစ်ချို့ အလုပ်တွေနားထားရတဲ့သူတွေ အများကြီးပဲ။ တစ်ချို့ဆိုင်တွေက ပိတ်ထားရတယ်လေ။ စားသောက်ကုန်ပဲ ဖွင့်ခွင့်ရတာ။ စားသောက်ကုန်မဟုတ်တဲ့ဆိုင်တွေမှာ လုပ်တဲ့သူတွေက အလုပ်နားထားရတယ်။ အဲမှာလုပ်နေတဲ့သူအားလုံးက အခြေခံလူတန်းစားတွေပဲလေ" ဟု ၎င်းကပြောသည်။

ပြီးခဲ့သည်ှ ဇူလိုင်လ ၅ ရက်နေ့မှစတင်ကာ စည်ပင်သာယာဈေးများတွင် အခြေခံစားသောက်ကုန်ဆိုင်များသာ ဖွင့်လှစ်ရောင်းချခွင့်ပေးခဲ့ပြီး ကျန်သည့်ဆိုင်များကို ပိတ်ထားရန် ညွှန်ကြားခဲ့ကြောင်း၊ အလုပ်အကိုင်နားထားရသောကြောင့် စားဝတ်နေရေးပြသာနာကို ကြုံသလိုဖြေရှင်းနေရသော်လည်း ကုန်ဈေးနှုန်းက ကျဆင်းသွားခြင်းမရှိဘဲ ဆက်တိုက်မြင့်တက်လာနေကြောင်း ၎င်းက ဆက်ပြောသည်။

အလားတူ ကိုဗစ်ပထမလှိုင်းနှင့် ဒုတိယလှိုင်းဖြစ်စဉ်နှင့် နှိုင်းယှဉ်တွက်ဆကြည့်လျှင် လက်ရှိတတိယလှိုင်းတွင် စားဝတ်နေရေးအတွက် အကူအညီတောင်းခံလာသူ ပိုမိုများပြားလာပြီး အလှူရှင်များ အနည်းငယ်နည်းပါးသွားကြောင်း ပရဟိတကယ်ဆယ်ရေးသမားများက ပြောဆိုကြသည်။

မော်လမြိုင်လူမှုကယ်ဆယ်ရေးအဖွဲ့မှ ကိုဇင်မိုးက “ထမင်းတစ်နပ်စားဖို့တောင် တော်တော်ခက်ခဲနေကြတာပေါ့ဗျာ ကိုဗစ်လှိုင်းတွေကြောင့် အလုပ်ပိတ်တာတွေလည်းကြာနေပြီးဆိုတော့ ဘယ်လိုမှ အဆင်မပြေတော့ဘူးလေ အကူအညီတောင်းသူတွေလည်း တစ်နေ့ထက်တစ်နေ့ပိုများလာတယ်” ကိုဇင်မိုးက ဆက်ပြောသည်။

မော်လမြိုင် မုဒုံ ပေါင်မြို့နယ်အတွင်း စားဝတ်နေရေးအလွန်ခက်ခဲနေသူများကို ၂ လကျော်ကူညီပေးနေခဲ့ရပြီး ယခုအချိန်ကုန်ဈေးနှုန်းမြင့်တက်လာချိန်၌ ဆန်ပြုတ်သောက်၍ ဝမ်းဖြည့်နေရသူများစွာရှိကြောင်းလည်း သိရသည်။

“အဓိက ရောဂါအခြေနေလျှော့လာရင် အလုပ်အကိုင်အခွင့်အလမ်းနှင့်ပတ်သက်ပြီး တာဝန်ရှိသူတွေက နည်းနည်းဖြေလျှော့ပေးစေချင်တယ် ဒီအတိုင်းသာဆက်သွားမယ်ဆိုရင် လက်လုပ်လက်စားတွေဘဝက အခြေနေပိုဆိုးလာနိုင်တယ်” ဟု ကိုဇင်မိုးက ဆက်ပြောသည်။

ယနေ့ မော်လမြိုင် ကုန်စည်ဒိုင်သတင်းအရ ပေါ်ဆန်းမွှေး ၁၀၈ ပေါင်တစ်အိတ် အရင်လတွင်အမြင့်ဆုံး ၄၂၀၀၀ ကျပ်မှ ယခုအခါ ၄၆၀၀၀ ကျပ် ဧည့်မထဆန်တစ်အိတ် ၂၉၀၀၀ ကျပ်၊ ၁၆ ပဲရည် မီးလင်းရွှေတစ်ကျပ်သား ၁,၇၆၀,၀၀၀ ကျပ်၊ ထိုင်းမြန်မာငွေလဲနှုန်းတွင် ထိုင်းတစ်ဘတ် မြန်မာငွေ (ဝယ်ရောင်း) ၅၆ ကျပ်နှင့် ၅၄ ဒဿမ ၅၀ ကျပ်အထိ ဈေးမြင့်တက်လျက်ရှိသည်။

Most read this week

August 26, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ထားဝယ်ရေနက်ဆိပ်ကမ်းအနီးရှိ ကျေးရွာများမှ စစ်အုပ်စုတပ်...
August 25, 2026
မုဒုံ-အဘစ်-ကြာအင်းဆိပ်ကြီး လမ်းပိုင်းနှင့် မော်လမြိုင်-ကြာအင်းဆိပ်ကြီး လမ်းပိုင်းမှ...
ဓာတ်ပုံ - Crd (မြဝတီမြို့ခံတစ်ဦး၏ လူမှုကွန်ရက်) ဩဂုတ်လ ၂၄ ရက်နေ့ မြဝတီမြို့ပေါ် ရေလွှမ်းမိုးနေသည့် အခြေအနေ။
August 24, 2026
သောင်ရင်းမြစ်ရေသည် စိုးရိမ်ရေအမှတ်ထက် ပြန်လည်ကျော်လွန်လာသဖြင့် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း...
August 24, 2026
ထိုင်းနိုင်ငံ၏ တရားဝင် တိုင်းရင်းသားမျိုးနွယ်စုတစ်ခုအဖြစ် မှတ်ပုံတင်နိုင်ရေးအတွက်...