ဒီးမော့ဆိုမြို့နယ်မှာ ဒေသခံတွေ ထပ်မံ စစ်ရှောင်နေရ

ဒီးမော့ဆိုမြို့နယ်မှာ ဒေသခံတွေ ထပ်မံ စစ်ရှောင်နေရ
တိုက်ပွဲကြောင့် စစ်ရှောင်နေကြတဲ့ ဒီးမောဆိုပြည်သူများ (ဓါတ်ပုံ – CJ)
တိုက်ပွဲကြောင့် စစ်ရှောင်နေကြတဲ့ ဒီးမောဆိုပြည်သူများ (ဓါတ်ပုံ – CJ)

ဒီးမော့ဆိုမြို့ပေါ်မှာ စက်တင်ဘာလ ၈ ရက်နေ့ ဒီနေ့မနက်မှာ ၄၂၇ တပ်က စစ်ကြောင်းထွက်တဲ့အတွက် ဒေသခံတွေ တိမ်းရှောင်နေကြတယ်လို့ စစ်ရှောင်ကူညီနေသူတစ်ဦးက ပြောပါတယ်။

“အခုလောလောဆယ် သိရသလောက်ကတော့ ထီးဆိုဖျဘက်မှာ ၄၂၇ တပ်က စစ်ကောင်စီတွေပေါ့နော။ အဲ့ဒီ စစ်ကြောင်းထွက်တယ်လို့ ကြားထားတယ်။ ပြည်သူတွေက သိထားတော့ အခုကတည်းက ကြိုရှောင်ထားကြတာပေါ့။ အဲ့လိုမျိုး အခြေအနေရှိတယ်။ အခုလက်ရှိအခြေအနေအထိက ပြေးနေတုန်းပဲပေါ့နော။ မနေ့ညက အဓိက မြို့ပေါ်ကနေ ပြေးလာတဲ့လူတွေ အခုချိန်ထိပြေးနေတုန်း။ နောက်ပြီးတော့ ကားတွေဆိုင်ကယ်တွေ အဲ့ဒီလမ်းမကြီးတစ်လျှောက်မှာ သွားနေတုန်းပဲ။“

မနေ့ (စက်တင်ဘာ ၇ ရက်) က ဒီးမော့ဆို ရဲစခန်းမှာ စစ်ကောင်စီနဲ့ ကရင်နီအမျိုးသားတပ်မတော် (KA)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF)၊ PDF တို့ကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး ကျေးရွာ (၁၀) ရွာက ဒေသခံ ၃ထောင်ကျော် တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင် နေကြရပါတယ်။

မနေ့ည (စက်တင်ဘာ ၇ ရက်) က ညအချိန်မှာ ထွက်ပြေးတိမ်းရှောင်သူတွေရှိနေပြီး ဒေါပေါ်ကူးကျေးရွာမှာ ထွက်ပြေးတိမ်းရှောင်ရင်း ကားနဲ့ ဆိုင်ကယ်ချိတ်မိပြီး အသက် ၈ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ရပါတယ်။

စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် စံပြ ၆ မိုင်မှာ နေအိမ်အချို့ မီးလောင်သွားပြီး ဒေါစဲကျေးရွာက နေအိမ် ၄ လုံးလက်နက်ကြီးစင်သွားပါတယ်။

May 7, 2026
ဧပြီလအကုန် မေလအစမှာ ဓာတ်ဆီဈေးတွေ အနည်းငယ် ပြန်လည်ကျလာတာကြာင့် ကရင်နီပြည်၊...
May 5, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်ထဲက စစ်ဘေးရှောင်တချို့ဟာ ဆေးဝါးမလုံလောက်မှု၊...
May 4, 2026
ထိုင်း-ကရင်နီနယ်စပ်က ကရင်နီဒုက္ခသည်စခန်းအမှတ်(၁)မှာ ဧပြီလ ဒုတိယပတ်ကစပြီး ဝက်နာမကျန်းမှု...
May 2, 2026
ကရင်နီပြည်မှာ စစ်အုပ်စုရဲ့ တိုက်ခိုက်မှုတွေကြောင့် ဧပြီလအတွင်း ပြည်သူ ၅ ဦးသေဆုံးခဲ့တယ်လို့...