ရွှေစျေးနှုန်း အဆမတန်မြင့်တက်လာသည့်အတွက် ရွှေပေါင်သူများပြား

ရွှေစျေးနှုန်း အဆမတန်မြင့်တက်လာသည့်အတွက် ရွှေပေါင်သူများပြား

NUG အစိုးရက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အရေးပေါ်အခြေအနေကြေညာသည့် စက်တင်ဘာလ ၇ ရက်နေ့တွင် မြန်မာနိုင်ငံ၏ရွှေစျေးကွက်တွင် ရွှေစျေးနှုန်းအဆမတန်မြင့်မားလာပြီး ၁၆ ပဲ တစ်ကျပ်လျှင် ငွေကျပ် ၁၈ သိန်းအထိ စံချိန်တင်မြင့်တက်လာခဲ့သည်။

ယင်းသို့ ရွှေစျေးမြင့်တက်လာသည့်အတွက် ဝယ်လိုအား နည်းပြီး ရွှေပေါင်သူများလာကြောင်း ရွှေဆိုင်ပိုင်ရှင်များက ပြောသည်။

လက်ရှိမှာ ရွှေစျေးနှုန်းမြင့်မားလာကာ ဝယ်လိုအားနည်းပါးသွားသည့်အတွက် အပေါင်ခံသူများသာ များပြားလာခြင်းဖြစ်ကြောင်း စစ်တွေမြို့၊ မင်းဂံရပ်ကွက် အမေ့အိမ်ရွှေဆိုင်ပိုင်ရှင်ကပြောသည်။

“ဝယ်လိုအားကနည်းသွားပါတယ်။ အရင်ကနဲ့ဆိုရင် သုံးပုံတစ်ပုံလောက်လျော့သွားပါတယ်။ အခုချိန်မှာဝန်ပေါင်တဲ့ဟာတွေ များမှာပေါ့၊ အခုကအရောင်းအဝယ်ကတော့ နည်းနည်းဖြစ်သေးပါတယ်” ဟု ဆိုသည်။

တဖက်တွင်လည်း ယခုကဲ့သို့ စျေးနှုန်းမြင့်တက်လာသည့်အတွက် ဝယ်ယူသူ လုံးဝနည်းပါးသွားခြင်းမဟုတ်ဘဲ ရွှေဝယ်ယူမှု အနည်းငယ်ရှိနေသေးကြောင်းလည်း သိရသည်။

သိဒ္ဓိအောင်ရွှေဆိုင်မှ ကိုမျိုးမျိုးက အရောင်းအဝယ်ပိုင်းတွင် ကိုဗစ်ကြောင့် လူအရောက်ပါနည်းပါးကြောင်းဆိုသည်။

“အရောင်းအဝယ်ပါးပါတယ်၊ အဝယ်လည်းပါးတယ်။ လူအရောက်လည်းနည်းပါတယ်။ အပေါင်လာတဲ့လူတွေကလည်းနည်းတယ်၊ အခုက နယ်တွေကလည်းမထွက်ကြဘူး။ အဲဒါကြောင့် လူလည်းအရောက်နည်းတယ်” ဟု ဆိုသည်။

ယခုကဲ့သို့ ရွှေစျေးနှုန်းတက်လာသည့်အတွက် ကုန်စည်စျေးနှုန်းမြင့်တက်လာနိုင်ကြောင်း ရခိုင်စီးပွားရေးဦးဆောင်အများပိုင်ကုမ္မဏီလီမီတက်မှ မန်နေဂျာ ဦးခင်မောင်ကြီးကပြောသည်။

“အကြမ်းအားဖြင့်ပြောရရင် ကုန်စျေးနှုန်းက တက်မယ့်အခြေအနေရှိပါမယ်။ ကုန်စျေးနှုန်းတက်လာမှာက အဓိကဖြစ်နေတာက ငွေကြေးကိုစိတ်မချတာပေါ့၊ ကျပ်ငွေတွေကို စိတ်မချတာကြောင့်ရွှေဝယ်တယ်။ ဒေါ်လာဝယ်တယ်။ ဆိုတော့ ရွှေစျေးတွေ၊ ဒေါ်လာစျေးတွေ မြင့်တက်လာတယ်ပေါ့” ဟု ဆိုသည်။

၁၆ ပဲရည် ရွှေတစ်ကျပ်ကို စက်တင်ဘာလ ၇ ရက်နေ့တွင် ငွေကျပ် ၁၇၉၀၀၀၀ သောင်းထိ မြင့်တက်သွားခြင်းဖြစ်သည်။ လက်ရှိတွင် ရန်ကုန်၌လည်း ရွှေစျေးကွက်များ လုံးဝပိတ်နေသည့်အနေအထားရှိနေကြောင်းလည်း သိရသည်။

 
 

 

 

နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 21, 2026
အာရက္ခတပ်တော်(AA)နှင့် တော်လှန်ရေးတပ်တို့ ပိတ်ဆို့တိုက်ခိုက်နေသည့် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ...
ရခိုင်မြို့သိမ်းတိုက်ပွဲတစ်ခုအတွင်း AA က ဖမ်းဆီးရမိသည့် စစ်ကောင်စီ တပ်သားများကို တွေ့ရစဉ်။ ဓာတ်ပုံ- AA Info Desk
April 20, 2026
တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများ၊ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ (ARSA)နှင့် ဆက်စပ်သူများ...
April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...