NUG က အရေးပေါ်အခြေအနေ သတ်မှတ်တဲ့အပေါ် ကယား (ကရင်နီ) ပြည်နယ်တွင်းက လက်နက်ကိုင်နှစ်ဖွဲ့ရဲ့ သုံးသပ်ချက်

NUG က အရေးပေါ်အခြေအနေ သတ်မှတ်တဲ့အပေါ် ကယား (ကရင်နီ) ပြည်နယ်တွင်းက လက်နက်ကိုင်နှစ်ဖွဲ့ရဲ့ သုံးသပ်ချက်

စက်တင်ဘာလ (၇) ရက်နေ့ကို အမျိုးသားညီညွှတ်ရေးအစိုးရ NUG က နိုင်ငံတော်အား အရေးပေါ်အခြေအနေအဖြစ် သတ်မှတ်ကြောင်း ထုတ်ပြန်လိုက်ပါတယ်။ အဲ့ဒီအပေါ်မှာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP အတွင်းရေးမှူး (၁) ခူးဒယ်နီယာယ်က အခုလိုပြောပါတယ်။

”ဒါကတော့ NUG လုပ်ရမယ့်အလုပ်ပဲပေါ့။ သူတို့ကတော့ D-Day သတ်မှတ်မယ်ဆိုတာကို သူတို့ နကိုယ်ကတည်းက ကြေညာထားပြီးသား။ ဆိုတော့ အခုက သူတို့ထုတ်ပြန်ပြီပေါ့နော။ ဒါ အားလုံး တစ်နိုင်လုံးအတွက်တော့ အကျုံးဝင်ပါတယ်။“

ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF ကတော့ အခုလို့ သုံးသပ်ပါတယ်။

”အဓိကကတော့ အရေးပေါ်အခြေအနေထက် D-Day ကြေညာလိုက်တဲ့အပေါ်မှာကတော့ လူထုတွေ ပိုပြီးတော့ စိုးရိမ်သွားတာရှိတယ်။ ပိုပြီးတော့ ကြောက်သွားတာရှိတာပေါ့။ ကျနောတို့ကတော့ ဒီ D-Day အနေနဲ့ အဲ့လိုကြေညာတာကတော့ ကျနောတို့အတွက် အထူးအဆန်းတွေ မရှိပါဘူး။ ကျနောတို့ကတော့ ကောင်းတယ်။ ကြေညာတာလည်းကောင်းတယ် မကြေညာတာလည်းကောင်းတယ်။ ဒါပေမယ့် တိုက်စရာရှိတဲ့ဟာတွေကိုတော့ ကျနောတို့ တိုက်ရမှာပဲလေ။“

ထုတ်ပြန်ချက်မှာ တရားမဝင် စစ်အုပ်ချုပ်ရေးယန္တရားတစ်ခုလုံး အပြီးတိုင် ဖျက်သိမ်းပစ်ရန် လိုအပ်တဲ့အတွက် ကြေညာတာဖြစ်ပြီး ပြည်သူ့ အုပ်ချုပ်ရေးအာဏာ ပြန်လည်ထူထောင်နိုင်တဲ့အချိန်ထိ သတ်မှတ်ကြောင်းပါရှိပါတယ်။

 
 

 

 

Most read this week

August 22, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ခြမ်းနှင့် အနောက်ဘက်ခြမ်းရှိ နေရာများကို စစ်အုပ်စုတပ်က ယခုရက်...
August 20, 2026
ဂျန်ဒါအခြေပြု အကြမ်းဖက်မှုများ လျှော့ချနိုင်ရေးအတွက် အမျိုးသမီးများအတွက် လိုအပ်သည့် အကူအညီများ...
(ဓာတ်ပုံ - Crd)
August 19, 2026
ကရင်နီပြည်တွင် သစ်တောပြုန်းတီးမှု ကာကွယ်လျှော့ချနိုင်ရန်အတွက် ထင်းမီးအစားထိုး လောင်စာတောင့်...
ဓာတ်ပုံ - Crd
August 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတွင် Starlink ကုမ္ပဏီ၏ မူဝါဒပြောင်းလဲမှုများကြောင့်...