မွန်မှာ အခြေခံစားသောက်ကုန်ဈေးနှုန်း အတက် ကြမ်းဆဲ

မွန်မှာ အခြေခံစားသောက်ကုန်ဈေးနှုန်း အတက် ကြမ်းဆဲ

မွန်ပြည်နယ်မှာ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ ဆက်တိုက်မြင့်တက်နေဆဲဖြစ်တယ်လို့ အိမ်ရှင်မတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အခြေခံစားသောက်ကုန်တွေမှာတော့ စားသုံးဆီ၊ ဆန်၊ အားလူး၊ ဟင်းသီးဟင်းရွက်နဲ့ အသားငါးကအစ ဈေးနှုန်း ဆက်တိုက်မြင့်နေဆဲ ဖြစ်ပါတယ်။

ကြက်သားလက်လီဈေးနှုန်းဟာ ပြီးခဲ့တဲ့ သြဂုတ် ၆ ရက်နေ့မှာ တစ်ပိဿာ ကျပ် ၆၀၀၀ ဝန်းကျင်မှာသာ ရှိခဲ့ရာမှာ စက်တင်ဘာ ၆ ရက်နေ့မှာ တစ်ပိဿာ ကျပ် ၈၀၀၀ ကျော်ထိ ဈေးနှုန်းမြင့်တက်လာခဲ့တာပါ။

ဆန်ဈေးနှုန်းမှာလည်း အမျိုးအစားပေါ်မူတည်ပြီး တစ်အိတ်ကို ကျပ် ၃၀၀၀ ကနေ  ကျပ် ၅၀၀၀ ထိ ဈေးနှုန်းမြင့်တက်လာတာ ဖြစ်ပါတယ်။

“ကုန်ဈေးနှုန်းကတော့ ဝယ်မရဲအောင်ဘဲ၊ အမြဲတက်နေတယ်၊ အရင်က ဈေးဖိုး တစ်သောင်းဆိုရင် သုံးလေးရက်လောက်စားလို့ရတယ်၊ အခုတစ်သောင်းဟာ နှစ်ရက်တောင်မရဘူး”လို့ အိမ်ရှင်မ တစ်ဦးက ပြောပါတယ်။

အခြေခံစားကုန်တွေဖြစ်တဲ့ ဟင်းသီးဟင်းရွက်နဲ့ အသားငါးတွေဟာ ပြီးခဲ့တဲ့ကာလတွေထက် ဈေးနှုန်း ဆက်တိုက်မြင့်တက်နေဆဲ ဖြစ်ပါတယ်။ ချဉ်ပေါင်းရွက် တစ်စီးအရင်က ကျပ် ၁၀၀ သာရှိခဲ့ရာမှ အခုဆိုရင် တစ်စီး ကျပ် ၂၀၀ ထိ ပေးဝယ်နေရပါတယ်။

အခြေခံစားသောက်ကုန်တွေဟာ စက်သုံးဆီ ဈေးနှုန်းမြင့်တက်တာ၊ သယ်ယူပို့ဆောင်ရေး စရိတ်ပိုမိုကုန်ကျလာတာ၊ ပြည်နယ်အတွင်းကို ကုန်ပစ္စည်းဝင်ရောက်မှု နည်းပါးတာ၊ သွင်းအားစုကုန်ပစ္စည်းတွေ ဈေးနှုန်းမြင့်တက်နေလို့ အခြေခံစားသောက်ကုန်တွေ ဈေးနှုန်းဆက်တိုက်မြင့်တက်နေတာ ဖြစ်ပါတယ်။

”ဓါတ်ဆီဈေးတွေတက်တော့ ပစ္စည်းတိုက်ခတွေက ပိုကုန်ကျလာတယ်။ တချို့အသီးအနှံတွေဆိုရင် ဝယ်ရင်းဈေးကိုက တက်ကုန်တယ်။ ပြန်ရောင်းရင်လည်း ဘယ်လိုမှမကိုက်လို့ဝယ်မရောင်းဖြစ်ဘူး။ ရှိတဲ့ပစ္စည်းတွေကိုပဲ မနည်းကုန်အောင်ရောင်းနေရတယ်” လို့ အခြေခံစားကုန် ရောင်းချနေသူ ဈေးသည်တစ်ဦးက ပြောပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင်က အခြေခံစားသောက်ကုန်ဈေးနှုန်း ဆက်တိုက်မြင့်တက်နေမှုကို အမြန်ဆုံး ထိန်းချုပ်သွားမယ်လို့ ဆိုထားပေမယ့် လက်ရှိမှာ ပြည်သူတွေဟာ ကုန်ပစ္စည်းဈေးနှုန်း အဆမတန် မြင့်တက်လာမှုအခက်အခဲကို ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။

 
 

 

 

ပုံဟောင်း (Crd)
August 5, 2026
မွန်ပြည်၊ သထုံခရိုင်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ဒေသခံပြည်သူများကို ဒေသန္တရအမိန့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 4, 2026
မွန်ပြည်တွင် စစ်တပ်က ကျားဖြန့်လုပ်ငန်းများမှ သိမ်းဆည်းထားသည့် လူအသုံးအဆောင် ပစ္စည်းများကို...
August 3, 2026
စစ်အုပ်စု အနေဖြင့် နိုင်ငံတော်သစ်တည်ဆောက်ရေးကို အရှိန်ရအောင် နှစ်နှစ် အချိန်ယူမည်ဖြစ်ပြီး...
July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...