ထားဝယ်မှာ ဆက်သွယ်ရေးလိုင်းအချို့ နာရီပိုင်းခန့်ပြတ်တောက်၊ လူထုက လမ်းပေါ်ထွက် ဆန္ဒပြခဲ့

ထားဝယ်မှာ ဆက်သွယ်ရေးလိုင်းအချို့ နာရီပိုင်းခန့်ပြတ်တောက်၊ လူထုက လမ်းပေါ်ထွက် ဆန္ဒပြခဲ့

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်အတွင်းမှာ စက်တင်ဘာလ ၅ ရက်နေ့ မွန်းလွဲပိုင်းမှာ ၂ နာရီကျော်ကြာ ဆက်သွယ်ရေးလိုင်းအချို့ ပြတ်တောက်ခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

နေ့လည် ၂ နာရီကျော်မှ ညနေ ၄ နာရီကျော်သည်အထိ တယ်လီနော၊ အော်ရီဒူး ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်ခဲ့တယ်လို့ ဆိုပါတယ်။

“နေ့လည်က တယ်လီနော၊ အော်ရီဒူးဖုန်းလိုင်းတွေမရဘူး။ မိုင်တဲနဲ့အမ်ပီတီဘဲရတယ်။ ပြီးတော့ လေယာဉ်တွေလဲ ပျံနေတာတွေ့ရတယ်။ဘာတွေတက်ဖြစ်လာမလဲဆိုတော့ မသိဘူး။ ညနေပိုင်းမှ ဖုန်းလိုင်းတွေလဲပြန်ရတယ်” လို့ ထားဝယ်ဒေသခံတစ်ဦးက သံလွင်တိုင်မ်းကိုပြောပါတယ်။

နေ့လည်ပိုင်းမှာ ဆက်သွယ်ရေးဖုန်းလိုင်းများ ပြတ်တောက်နေပေမယ့် ထားဝယ်မြို့ အာဇာနည်လမ်းမပေါ်မှာ လူငယ်တွေဦးဆောင်ပြီး “NUG အစိုးရ တရားဝင်အသိအမှတ်ပြုမှု ရရှိရေးနှင့်ပြည်သူ့စစ်သား/ရဲတပ်သားများ ကြိုဆိုကြောင်း” ကြွေးကြော်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ဒါ့အပြင် ယနေ့ညနေပိုင်းမှာ ထားဝယ်ခရိုင် သပိတ်ကော်မတီမှ ဦးဆောင်ကာ လောင်းလုံမြို့နယ်အတွင်းရှိ အမျိုးသမီးများ၊ လူငယ်များ အပါအဝင် အခြေခံပညာကျောင်းသားကျောင်းသူများ ပူးပေါင်းပြီး ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။

 
 

 

 

Most read this week

ပုံဟောင်း (Crd)
August 5, 2026
မွန်ပြည်၊ သထုံခရိုင်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ဒေသခံပြည်သူများကို ဒေသန္တရအမိန့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 4, 2026
မွန်ပြည်တွင် စစ်တပ်က ကျားဖြန့်လုပ်ငန်းများမှ သိမ်းဆည်းထားသည့် လူအသုံးအဆောင် ပစ္စည်းများကို...
August 3, 2026
စစ်အုပ်စု အနေဖြင့် နိုင်ငံတော်သစ်တည်ဆောက်ရေးကို အရှိန်ရအောင် နှစ်နှစ် အချိန်ယူမည်ဖြစ်ပြီး...
July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...