ထားဝယ်မှာ ဆက်သွယ်ရေးလိုင်းအချို့ နာရီပိုင်းခန့်ပြတ်တောက်၊ လူထုက လမ်းပေါ်ထွက် ဆန္ဒပြခဲ့

ထားဝယ်မှာ ဆက်သွယ်ရေးလိုင်းအချို့ နာရီပိုင်းခန့်ပြတ်တောက်၊ လူထုက လမ်းပေါ်ထွက် ဆန္ဒပြခဲ့

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်အတွင်းမှာ စက်တင်ဘာလ ၅ ရက်နေ့ မွန်းလွဲပိုင်းမှာ ၂ နာရီကျော်ကြာ ဆက်သွယ်ရေးလိုင်းအချို့ ပြတ်တောက်ခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

နေ့လည် ၂ နာရီကျော်မှ ညနေ ၄ နာရီကျော်သည်အထိ တယ်လီနော၊ အော်ရီဒူး ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်ခဲ့တယ်လို့ ဆိုပါတယ်။

“နေ့လည်က တယ်လီနော၊ အော်ရီဒူးဖုန်းလိုင်းတွေမရဘူး။ မိုင်တဲနဲ့အမ်ပီတီဘဲရတယ်။ ပြီးတော့ လေယာဉ်တွေလဲ ပျံနေတာတွေ့ရတယ်။ဘာတွေတက်ဖြစ်လာမလဲဆိုတော့ မသိဘူး။ ညနေပိုင်းမှ ဖုန်းလိုင်းတွေလဲပြန်ရတယ်” လို့ ထားဝယ်ဒေသခံတစ်ဦးက သံလွင်တိုင်မ်းကိုပြောပါတယ်။

နေ့လည်ပိုင်းမှာ ဆက်သွယ်ရေးဖုန်းလိုင်းများ ပြတ်တောက်နေပေမယ့် ထားဝယ်မြို့ အာဇာနည်လမ်းမပေါ်မှာ လူငယ်တွေဦးဆောင်ပြီး “NUG အစိုးရ တရားဝင်အသိအမှတ်ပြုမှု ရရှိရေးနှင့်ပြည်သူ့စစ်သား/ရဲတပ်သားများ ကြိုဆိုကြောင်း” ကြွေးကြော်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ဒါ့အပြင် ယနေ့ညနေပိုင်းမှာ ထားဝယ်ခရိုင် သပိတ်ကော်မတီမှ ဦးဆောင်ကာ လောင်းလုံမြို့နယ်အတွင်းရှိ အမျိုးသမီးများ၊ လူငယ်များ အပါအဝင် အခြေခံပညာကျောင်းသားကျောင်းသူများ ပူးပေါင်းပြီး ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။

 
 

 

 

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...