မွန်ပြည်သစ် ထိန်းချုပ်နယ်စပ်မှာ စစ်ကောင်စီတပ် အင်အား ၅၀ နဲ့ စတင်တပ်စွဲ

မွန်ပြည်သစ် ထိန်းချုပ်နယ်စပ်မှာ စစ်ကောင်စီတပ် အင်အား ၅၀ နဲ့ စတင်တပ်စွဲ
၇‌၄ ကြိမ်‌မြောက် မွန်အမျိုးသားနေ့ကို မွန်ပြည်သစ်ပါတီဌာနချုပ်မှာ ကျင်းပခဲ့စဉ်။
၇‌၄ ကြိမ်‌မြောက် မွန်အမျိုးသားနေ့ကို မွန်ပြည်သစ်ပါတီဌာနချုပ်မှာ ကျင်းပခဲ့စဉ်။

မွန်ပြည်သစ်ပါတီ NMSP ထိန်းချုပ်နယ်စပ်ဖြစ်တဲ့ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျုံလောင်းကျေးရွာအနီးကို အာဏာသိမ်းစစ်ကောင်စီတပ်တွေ ဒီကနေ့ စက်တင်ဘာ ၃ ရက်နေ့ မနက်ပိုင်းက ရောက်ရှိလာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

လက်ရှိမှာတော့ အာဏာသိမ်းစစ်ကောင်စီတပ် အင်အား ၅၀ ခန့်ဟာ ကျုံလောင်းကျေးရွားအနီးမှာ တပ်စွဲထားတာဖြစ်ပါတယ်။

စစ်ကောင်စီတပ်တွေ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်စပ်ကို ဘာကြောင့် ရောက်ရှိလာလဲဆိုတာ မသိရသေးပါဘူး။

ဒီအခြေအနေနဲ့ပတ်သက်ပြီး မွန်ပြည်သစ်ပါတီ ပြောရေးဆိုခွင့်ရှိသူတွေကို သံလွင်တိုင်းမ်က ဆက်သွယ်မေးမြန်းနေပေမယ့် အဆက်အသွယ် မရသေးပါဘူး။

စစ်ကောင်စီတပ်တွေ ရောက်ရှိလာလို့ ဌာနေဒေသခံတွေက နှစ်ဖက်တိုက်ပွဲဖြစ်ပွားလာမှာကို စိုးရိမ်နေကြပါတယ်။

မွန်ပြည်သစ်ပါတီနဲ့ အာဏာသိမ်းစစ်တပ်တို့ဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၂၇ ရက်နေ့က ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့ အနီးက ဂျပန်ရေတွင်း‌ကျေးရွာမှာ နှစ်ဖက်တပ်တွေ တိုက်ပွဲ ဖြစ်ပွားခဲ့ဖူးပါတယ်။

နှစ်ဖက် အပြန်အလှန်ပစ်ခတ်ခတ်မှုတွေကြောင့် ဒေသခံရွာသား ရာနဲ့ချီပြီး ထိုင်းနိုင်ငံဘက်ကို တိမ်းရှောင်ထွက်ပြေးခဲ့ရပါတယ်။

 
 

 

 

April 25, 2026
မွန်ပြည်နယ်အပါအဝင် တိုင်းနဲ့ပြည်နယ်တွေမှာ လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးပေးသွားမယ်လို့...
ဓာတ်ပုံ-Social Media
April 24, 2026
မွန်ပြည်နယ်မှာ စက်သုံးဆီတွေကို ဧပြီ ၂၂ ရက်နေ့ကစလို့ QR Code စနစ်နဲ့ စတင်ရောင်းချနေပြီလို့...
ဓာတ်ပုံ-CJ
April 23, 2026
ကရင်ပြည်နယ် မြဝတီမြို့နယ် မင်းလက်ပံရွာမှာ စစ်ကော်မရှင်တပ်က မီးလောင်ဗုံးတွေ ထပ်မံကြဲချနေသလို...
April 22, 2026
တနင်္သာရီတိုင်း ရေဖြူမြို့နယ် နဘုလယ်ဒေသက မင်္ဂလာပွဲတစ်ခုကို စစ်ကော်မရှင်တပ်...