လွိုင်ကော်အရှေ့ဘက်ခြမ်းက စစ်ဘေးရှောင်တွေ ရိက္ခာဆေးဝါးတွေ လိုအပ်နေ

လွိုင်ကော်အရှေ့ဘက်ခြမ်းက စစ်ဘေးရှောင်တွေ ရိက္ခာဆေးဝါးတွေ လိုအပ်နေ
Paung Laung Media
Paung Laung Media

ကယားပြည်နယ် လွိုင်ကော်အရှေ့ဘက်ခြမ်း လွိုင်လင်ကျေးရွာအုပ်စုက စစ်ဘေးရှောင်တွေ ရိက္ခာဆေးဝါးတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။

“ဒီတိုက်ပွဲ ဖြစ်တဲ့အတွက် ကမန်းကတန်းပြေးလိုက်ရတဲ့အတွက် သူတို့အစားအသောက်တွေက အဆင့်သင့်မဖြစ်ဘူး။ အဲ့တာ လိုအပ်ချက်နံပါတ်၁ဖြစ်နေတယ်။ ဆေးဝါးကတော့ ကျန်းမာရေးစောင့်ရှောက်ခွင့်ကတော့လိုအပ်တယ်။ နေဖို့ထိုင်ဖို့ အဆောက်အုံတို့ လုံလောက်မှုမရှိဘူး။ အဲ့တာကြောင့်မလို့ ဒီသုံးခုကတော့ တော်တော်လိုအပ်ချက်ရှိတယ်ဗျ။“

လွိုင် လင်ကျေးရွာအုပ်စုမှာ စစ်ဘေးရှောင်၅ထောင်ကျော်ရှိတယ်လို့လည်း သိရပါတယ်။ လွိုင်လင်လေးကျေးရွာအုပ်စု ပြီးခဲ့တဲ့ရက်ပိုင်းအတွင် တိုက်ပွဲမကြာခဏဖြစ်ပွားပြီး ဒေသခံတွေရဲ့နေအိမ်တွေကို လက်နက်ကြီးကျရောက်တာတွေ ရှိနေပါတယ်။

စစ်ကောင်စီဘက်က နယ်မြေကျူးကျော်လာတာတွေရှိနေတဲ့အတွက် တိုက်ပွဲတွေဆက်ဖြစ်နိုင်တယ်လို့ KNDF မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“အဓိကကတော့ စစ်ကောင်စီအနေနဲ့ ဒီလိုမလိုအပ်ပဲနဲ့ ပြည်သူတွေကို ဒုက္ခပေးနေတာတွေရှိတယ်ပေါ့နော။ ဒီဖက်မှာဆိုရင် စစ်ကြောင်းထိုးပြီဆိုလို့ရှိရင် မိုင်းထောင်ခဲ့တာတို့ ကျေးရွာသူ ကျေးရွာသားတို့ ရှောင်ပြီဆိုလို့ ရှိရင် အိမ်ဖောက်တာတို့ ဆိုင်ဖောက်တာတို့ပေါ့နော။ အဲ့မျိုးတွေ လုပ်နေရတာတွေ့ရတယ်ပေါ့နော။ ဒါက သေနတ်နဲ့ ရန်စတဲ့ သဘောမျိုးရှိတဲ့အတွက် ပြန်သူတွေကအစ ဒါတွေကို ပြည်သူတွေကအစ ခုခံတော်လှန်နေတဲ့ အဖွဲ့အစည်းအားလုံးလည်း ဒါကိုလက်ခံမှာ မဟုတ်တဲ့အတွက် အဖက်ဖက်ကတော့ ထိတွေ့မှုဖြစ်လိမ့်မယ်။ ကျနော်တို့ကတော့ ကျူးကျော်တာမဟုတ်ဘူးပေါ့နော။ ကိုယ့်နေရာနဲ့ကိုယ်နေနေတယ်။ လာပြီးတော့ ရန်စရင်၊ လာပြီးတော့ ထိုးစစ်တွေ နယ်မြေရှင်းလင်းရေးတွေ လာလုပ်မယ်ဆိုလို့ရှိရင် တိုက်ပွဲဖြစ်မှာပေါ့နော။”

ဒီးမော့ဆိုမှာ မနေ့က ခမရ ၄၂၇ နဲ့ ခလရ ၁၀၂ တို့က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေလည်း ရှိခဲ့ပါတယ်။

ကယားပြည်နယ်မှာ ဩဂုတ်လတစ်လအတွင်း တိုက်ပွဲ ၂၁ ကြိမ်ဖြစ်ပွားခဲ့ပြီး လွိုင်လင်လေးဘက်က တိုက်ပွဲ ၇ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။

Most read this week

December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...
December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...