မောင်တောတွင် လက်နက်ကိုင်ဆောင်ထားသူများ၏တိုက်ခိုက်မှုကြောင့် ကျေးရွာသားတစ်ဦး ကျည်ထိမှန်သေဆုံး၊ နှစ်ဦးမှာ ဓားဒဏ်ရာဖြင့် ဆေးရုံတင်ထားရ

မောင်တောတွင် လက်နက်ကိုင်ဆောင်ထားသူများ၏တိုက်ခိုက်မှုကြောင့် ကျေးရွာသားတစ်ဦး ကျည်ထိမှန်သေဆုံး၊ နှစ်ဦးမှာ ဓားဒဏ်ရာဖြင့် ဆေးရုံတင်ထားရ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ပန်းတောပြင်မွတ်ဆလင်ကျးရွာတွင် စက်တင်ဘာလ ၂ ရက်နေ့ နံနက် ၁ နာရီခန့်က လက်နက်ကိုင်ဆောင်ထားသူများ၏တိုက်ခိုက်မှုကြောင့် ကျေးရွာသားတစ်ဦး ကျည်ထိမှန်သေဆုံးခဲ့ကာ နှစ်ဦးမှာ ဓားဒဏ်ရာများရရှိခဲ့သဖြင့် ဆေးကုသမှုခံယူနေရကြောင်း သတင်းရရှိသည်။

ပန်းတောပြင်အုပ်ချုပ်ရေးမှူး ဦးအဏ္ဏဝါက "ဒီနေ့မနက် ၁ နာရီကျော်မှာ ဖြစ်တာပါ။ သေနတ်အပစ်ခံရပြီး တစ်ဦးသေတယ်။ ကျန် ၂ ဦးက ဓါးခုတ်ခံရတာ မောင်တောဆေးရုံမှာ ဆေးကုသမှုခံယူနေကြပါတယ်" ဟု DMG ကိုပြောသည်။

ကျည်ထိမှန်သေဆုံးသွားသူမှာ ပန်းတောပြင်အလယ်ကျေးရွာမှ ကျေးရွာတာဝန်ခံ မူဟီးဘူရာမာန် (ခ) ဦးတင်ရွှေ (၄၈ နှစ်) ဖြစ်ပြီး ဓားဒဏ်ရာရရှိသွားသူ ၂ ဦးမှာ သေဆုံးသူနှင့်ညီအစ်ကိုတော်စပ်သည့် အဒူမူနက် (၃ဝ နှစ်) နှင့် ရှားဘူလ် (၂၈ နှစ်) တို့ဖြစ်ကြောင်း သိရသည်။

သေနတ်နှင့် ဓားများကိုင်ဆောင်ထားသူ ၇ ဦးခန့်မှ ခေါ်ဆောင်သည်ကိုမလိုက်၍ ယခုကဲ့သို့ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသူ၏ ညီဝမ်းကွဲတော်စပ်သူ က်ိုဝင်းဇော်က "ည ၁၂ နာရီကျော်လောက်မှာ သူ့နေအိမ်ကိုဖောက်ပြီး လက်နက်တွေနဲ့ဓါးပြ ၇ ဦးဝင်ရောက်လာကြပြီး သေနတ်နဲ့ချိန်ထားတယ်။ ကျွန်တော်အကိုက အသက်ကိုချမ်းသာပေးပါ။ ရွှေနဲ့ငွေကိုယူသွားပါလို့ပြောတယ်။ သူတို့ကရွှေငွေတွေမလိုဘူး၊ မင်းကိုဘဲလိုတယ်ဆိုပြီးဆွဲခေါ်ရာမှာ သူ့ညီဖြစ်သူကသေနတ်ကိုဝင်လုတယ်။ သေနတ်ဝင်လုသူကို ဓါးပြတွေက ဓါးနဲ့ဝင်ခုတ်ပြီး ကျွန်တော်အကိုကိုလည်း သေနတ်နဲ့ပစ်သတ်လိုက်ကြတယ်" ဟု ပြောသည်။

ပန်းတောပြင်ကျေးရွာအုပ်စုတွင် ပန်းတောပြင်ရွာသစ်၊ ပန်းတောပြင်အလယ်ရွာ၊ ပန်းတောပြင်အနောက်ရွာ၊ ပန်းတောပြင်တောင်ရွာတို့ရှိသည်။

လက်ရှိ ပန်းတောပြင်ကျေးရွာအုပ်စုတွင် နယ်ခြားစောင့်တပ်ဖွဲ့များ လုံခြုံရေးယူထားကာ ကျူးလွန်သူများကိုဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း သိရသည်။

ယခုကဲ့သို့ဖြစ်စဉ်များမှာ အုပ်ချုပ်ရေးယန္တရားကိုပျက်ပြားအောင် ဆောင်ရွက်လာခြင်းဖြစ်သည်ဟု မောင်တောမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမောင်အုန်းကသုံးသပ်သည်။

"ဓါးပြဆိုတာ ဓါးပြအလုပ်ဘဲလုပ်ကြတယ်ဆိုပေမယ့် သူ့ထက်ချမ်းသာတဲ့သူတွေလဲရှိတယ်။ အခုက အုပ်ချုပ်ရေးနဲ့ဆိုင်တဲ့သူတွေကိုဘဲ အခုလိုလိုက်သတ်နေတယ်။ ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတော့ ဒီကိစ္စတွေက အုပ်ချုပ်ရေးယန္တရားပျက်ပြားအောင်နဲ့ တရားဥပဒေစိုးမိုးရေးကို အယုံအကြည်မဲ့အောင်ရည်ရွယ်ချက်ရှိရှိနဲ့ ပြုလုပ်နေတယ်လို့ယူဆနိုင်တယ်" ဟု ဦးမောင်အုန်းကဆိုသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၇ ရက်နေ့ကလည်း မောင်တောမြို့နယ်၊ပဒင်းမွတ်ဆလင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးရှော်ဘီအား လက်နက်ကိုင်ဆောင်ထားသူများက ပြန်ပြေးဆွဲခေါ်ဆောင်သွားခဲ့ကာ ၎င်း၏နေအိမ်မှ ရွှေ ၄ဝ ကျပ်ကိုလည်း ယူဆောင်သွားခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။

 
 

 

 

Most read this week

ဓာတ်ပုံ - (ရခိုင်ပြည်ရှိ မြို့နယ်တစ်ခုတွင် မွေးမြူထားသည့် ဝက်များကို တွေ့ရစဉ် / DMG)
August 26, 2026
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်တွင် ဝက်များ ဝမ်းကျရောဂါ အဖြစ်များနေပြီး သေဆုံးသည်အထိ ဖြစ်ပွား...
ဓာတ်ပုံ - DMG (ပုံစာ - ဩဂုတ်လ ၁၁ ရက်နေ့က ကျောက်တော်မြို့နယ်တွင် မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရ မိထားသည့် လူငယ်များကို ပြန်လည်လွှတ်ပေးစဉ်)
August 25, 2026
ရခိုင်ပြည် နယ်မြေအများစုကို ထိန်းချုပ်ထားသည့် အာရက္ခတပ်တော် (AA) ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ ULA...
ဓာတ်ပုံ - CINCDS/ စစ်အုပ်စုတပ်၏ ရေပြင်စစ်ရေးလေ့ကျင့်မှု တစ်ခု
August 25, 2026
ရခိုင်ပြည်မြောက်ပိုင်း၌ ကျန်ရှိနေသေးသည့် စစ်တွေမြို့ကို ကာကွယ်ရန်အတွက် စစ်အုပ်စုတပ်က စစ်အင်အား ၁...
ဓာတ်ပုံ - (ပေးပို့ / စစ်အုပ်စုတပ်၏ ဖမ်းဆီးခြင်း ခံခဲ့ရသည့် ဦးကျော်သန်းလွင်)
August 24, 2026
မလေးရှားနိုင်ငံမှ ရခိုင်ပြည်သို့ ပြန်လာသည့် အမျိုးသားနှစ်ဦးကို စစ်ကိုင်းတိုင်း၊...