အင်းတော်ကြီးဒေသ နမ့်မွန်းမြို့အဝင် တောင်ခြေအနီး စစ်ကားနှစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရ

အင်းတော်ကြီးဒေသ နမ့်မွန်းမြို့အဝင် တောင်ခြေအနီး စစ်ကားနှစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရ

အင်းတော်ကြီးဒေသ နမ့်မွန်းမြို့အဝင် တောင်ခြေအနီး (၁၄ မိုင်-ဒေသအခေါ်) တွင် ဩဂုတ်လ ၃၁ ရက်နေ့ နံနက်ပိုင်းက စစ်ကားနှစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း သိရသည်။

"စစ်ကားနှစ်စီးတက်သွားပြီးတော့ အသံနှစ်ချက်ကြားလိုက်တယ်။ အဲ့နောက်မှာ သေနတ်သံ ၁၀ ချက်လောက်ကြားတယ်။ ခဏနားပြီးတော့ သေနတ်သံ လေးငါးချက်ပြန်ကြားတယ်" ဟု နမ့်မွန်းဒေသခံတစ်ဦးက ပြောကြားသည်။

ထိုတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်မှုသတင်းများကို ဒေသခံများမကြားမိကြောင်း ပြောဆိုကြသည်။

ထိုမိုင်းကွဲသည့်နေရာတွင် မြေသားအနည်းငယ် ပြိုပျက်နေကြောင်း သွားကြည့်ရှုခဲ့သည့် ဒေသခံများက ရှမ်းနီအသံကိုပြောဆိုသည်။

ထိုမိုင်းခွဲမှုသည် မည်သည့်အဖွဲ့အစည်းလုပ်ဆောင်သည်ကို မသိရသေးပေ။

ဖားကန့်မြို့ အင်တာနက်ဖြတ်တောက်ခံရပြီးနောက် အင်းတော်ကြီးဒေသတွင်လည်း စစ်ကောင်စီတပ်များ စစ်ရေးလှုပ်ရှားမှု ပိုမိုများလာခဲ့ကြောင်း သိရသည်။

July 4, 2026
ပြည်တွင်း၌ ဓာတ်ဆီနှင့် ဒီဇယ်တစ်လီတာလျှင် ကျပ် ၃,၀၀၀ ကျော်အထိ ဈေးနှုန်းများ ကျဆင်းနေသော်လည်း...
၂၀၂၅ ခုနှစ်က ဧရာဝတီမြစ်ကိုဆန်တက်တဲ့ စက်လှေများကို MDY PDF တပ်က တိုက်ခိုက်စဉ်/ Credit
July 2, 2026
ဧရာဝတီမြစ်ကြောင်းတစ်လျှောက်နဲ့ မြစ်ကမ်းဘေး ၅ မိုင်အတွင်း နေထိုင်တဲ့ စစ်ကိုင်းတိုင်း၊...
July 1, 2026
ဖားကန့်မြို့နယ်၊ဆိပ်မူကျေးရွာအုပ်စု ၊ နမ့်မှော်မှော်ကျေးရွာရှိ မြေစာပုံပြိုကျမှုထဲ...
June 30, 2026
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် တပ်ရင်း(၆)က တပ်ရင်းမှူးဖြစ်တဲ့ ပုလဲမောင်(ခေါ်)ကိုပီတာဟာ...