ကျိုက်ထိုက NLD ပါတီဝင် ၃ ဦး ထပ်မံဖမ်းဆီးခံရ

ကျိုက်ထိုက NLD ပါတီဝင် ၃ ဦး ထပ်မံဖမ်းဆီးခံရ

ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊  ဝါးဒက်ကွင်းကျေးရွာက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင် ၃ ဦးကို သြဂုတ်လ ၃၁ ရက်နေ့ နေ့လည်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်မ်းကို ပြောပါတယ်။

ဝါးဒက်ကွင်းကျေးရွာ မင်းလမ်းနေ ထာဝရမိသားစု စတီးအလှဆင်လုပ်ငန်းလုပ်ကိုင်သူ ကိုအောင်နိုင်စိုးအပါအဝင် ၃ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အင်အားအများအပြားသုံးပြီး လာရောက်ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။

ဖမ်းဆီးခံရသူ ၃ ဦးဟာ NLD ပါတီက ရပ်ကျေးအဆင့်ပါတီဝင်‌တွေသာဖြစ်ပြီး ဘာကြောင့်ဖမ်းဆီးသွားလဲဆိုတာ မသိရသေးပါဘူး။

"သူတို့က ရပ်/ကျေးပါတီဝင်အဆင့်တွေပါပဲ။ သူတို့ဟာသူတို့ မိသားစုစားဝတ်နေရေးအတွက် လုပ်ကိုင်စားသောက်နေကြတာပါ။ လာဖမ်းပြီး ဘယ်ကိုခေါ်သွားလဲ မသိရဘူး" လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ကျိုက်ထိုမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ သြဂုတ်လ တတိယအပတ်က စတင်ပြီး NLD ပါတီဝင်‌တွေ၊ တက်ကြွလှုပ်ရှားသူ‌တွေနဲ့ CDM ဝန်ထမ်းတွေကို အင်အားသုံးရှာဖွေဖမ်းဆီးတာတွေ ပြုလုပ်နေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၇ ရက်နေ့ကလည်း သိမ်ဇရပ်မြို့ NLD ပါတီအတွင်းရေးမှူး ဦးဇော်မိုးထက် (ခ) ဂွမ်ကြီးကို သူကိုယ်ပိုင် စားသောက်ဆိုင်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ဖမ်းဆီးသွားခဲ့ပါတယ်။

May 11, 2026
မွန်ပြည်နယ် ပေါင်မြို့နယ်မှာ လွှတ်တော် ကိုယ်စားလှယ်များရုံး ဆောက်လုပ်ဖို့ ဆိုကာ မွန်ညီညွတ်...
May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...
May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...
May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...