မုံးကိုးမြို့နယ်အတွင်း စစ်ကောင်စီနှင့် MNDAA တိုက်ပွဲပြင်းထန် နေဆဲ

မုံးကိုးမြို့နယ်အတွင်း စစ်ကောင်စီနှင့် MNDAA တိုက်ပွဲပြင်းထန် နေဆဲ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုးမြို့နယ် ဟေမုံးလုံကျေးရွာအုပ်စုမှာ စစ်ကောင်စီတပ်ဖွဲ့နှင့် MNDAA တပ်တို့ကြား တိုက်ပွဲထပ်မံ ပြင်းထန်နေဆဲဟု စုံစမ်းသိရှိရသည်။

ယနေ့ သြဂုတ် (၃၁) ရက် မနက် (၈) နာရီခွဲခန့်မှာ ဟေမုံးလုံကျေးရွာအုပ်စု နော့ကိုးရွာမှာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း မုံးကိုးဒေသခံ တစ်ဦးက ပြောသည်။

“ထိခိုက်ဒဏ်ရာရရှိတဲ့သူ ရှိ/မရှိတော့ မသိရသေးဘူး။ အခုပဲ တိုက်ပွဲငြိမ်သွားတယ်။” ဟု မုံးကိုးဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့နှင့် MNDAA တပ်တို့ကြား တိုက်ပွဲကြောင့် သြဂုတ် (၂၉) ရက်တွင် နမ့်ဟကျေးရွာရှိ ရွာသား (၅၀၀) ကျော် ရောက်ရှိလာပြီး သြဂုတ် (၃၀) ရက်တွင် ဒေသခံ (၁၀၀) ကျော် စစ်ရှောင်စခန်းသို့ ထပ်မံရောက်ရှိလာကြောင်း စစ်ရှောင်များကို ကူညီပေးနေသည့် အမျိုးသား တစ်ဦးက ပြောသည်။

မုံးကိုးမြို့ပေါ်တွင် လက်ရှိ စစ်ရှောင်စခန်း (၃) ခုရှိထားပြီး ထို စစ်ရှောင်စခန်းများမှာ ခရစ်ယာန်ဘုရားကျောင်း (၂) ခုနှင့် ဘုန်းကြီးကျောင်း တစ်ကျောင်းတို့ဖြစ်ကြောင်း သိရသည်။

သြဂုတ် (၂၉) ရက်နေ့တွင် ၎င်းတပ်နှစ်တပ်တိုက်ပွဲကြောင့် နမ့်ဟာရွာရှိ နေအိမ်တစ်အိမ်မှာ လက်နက်ကြီးကျည်ကျရောက်ပြီး မိသားစုဝင် ၄ ဦး သေဆုံးရသည်။

ဇူလိုင်လဆန်းကတည်းက စစ်ကောင်စီနဲ့ MNDAA တို့အကြား တိုက်ပွဲပြင်းထန်နေခဲ့ခြင်းဖြစ်ပြီး ဖောင်းဆိုင်၊ မန့်ပန်၊ ပန်မွေဘက်မှ ဒေသခံပြည်သူ (၂၀၀) ခန့်ကတည်း မြန်မာ–တရုတ်နယ်စပ်ဖက်သို့ တိုက်ပွဲတိမ်းရှောင် ခိုလှုံနေရကြောင်း သိရသည်။

 
 

 

 

May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...
May 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည်...
May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...