ကျိုက်ထိုမြို့နယ်၊ ကမ်းနီကျေးရွာရှိ ကျေးလက်ကျန်းမာရေးဌာနခွဲ ဗုံးဖောက်ခွဲခံရ

ကျိုက်ထိုမြို့နယ်၊ ကမ်းနီကျေးရွာရှိ ကျေးလက်ကျန်းမာရေးဌာနခွဲ ဗုံးဖောက်ခွဲခံရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကမ်းနီကျေးရွာရှိ ကျေးလက်ကျန်းမာရေးဌာနခွဲကို သြဂုတ်လ ၂၇ ရက်နေ့ နေ့လည် ၁၂ နာရီကျော်ခန့်က ဗုံးဖောက်ခွဲခံရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ကျေးလက်ကျန်းမာရေးဌာနခွဲ တာဝန်ကျဆရာမနှင့် မိသားစုဝင်များ ထမင်းစားနေချိန်မှာ အမျိုးသား ၂ ဦးမှ ဆိုင်ကယ်ဖြင့် ရောက်လာပြီး ကျန်းမာရေးဌာနခွဲအတွင်းသို့ ဗုံးပစ်သွင်းခဲ့တယ်လို့ သိရပါတယ်။

"ဖြစ်တဲ့အချိန်က ၁ နာရီ မထိုးတတ်သေးဘူး။ ဆရာမတို့က ထမင်းစားနေချိန် ဗုံးလာပစ်သွင်းသွားတယ်လို့ သိရတယ်။ ဗုံးကွဲတော့ အဲဆရာမလဲ ပြေးထွက်တော့ လာပစ်တဲ့သူတွေက အမျိုးသားတွေဘဲလို့ သိရတယ်တဲ့။ လက်လုပ်ဗုံးပုံစံဖြစ်တယ်လို့တော့ သိရတယ်" လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ကျေးလက်ဆေးပေးခန်းကို ဘာကြောင့် ဗုံးလာပစ်သွင်းသွားသည်ကို မသိရဘဲ မည်သူတွေလုပ်သည်ကိုလဲ မသိရဘူးလို့ ဒေသခံတွေထံက ဆိုပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် ကျေးလက်ဆေးပေးခန်း အဆောက်အဦး အမိုးအကာနှင့် ပြတင်းပေါက်များ ထိခိုက်ပျက်စီးပြီး လူထိခိုက်ဒဏ်ရာရမှုမရှိဘူးလို့ သိရပါတယ်။

ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်နေရာကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ လာရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

 
 

 

 

August 6, 2026
မွန်ပြည်အတွင်း စက်သုံးဆီပြတ်လပ်သည့် အကျပ်အတည်းများ ဆက်လက်ဖြစ်ပေါ်နေသော်လည်း စစ်အုပ်စု လက်အောက်ခံ...
ပုံဟောင်း (Crd)
August 5, 2026
မွန်ပြည်၊ သထုံခရိုင်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ဒေသခံပြည်သူများကို ဒေသန္တရအမိန့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 4, 2026
မွန်ပြည်တွင် စစ်တပ်က ကျားဖြန့်လုပ်ငန်းများမှ သိမ်းဆည်းထားသည့် လူအသုံးအဆောင် ပစ္စည်းများကို...
August 3, 2026
စစ်အုပ်စု အနေဖြင့် နိုင်ငံတော်သစ်တည်ဆောက်ရေးကို အရှိန်ရအောင် နှစ်နှစ် အချိန်ယူမည်ဖြစ်ပြီး...