ကရင်နီပြည်နယ် ရဲတပ်ဖွဲ့ (KSP) ဖွဲ့စည်းကြောင်းကြေညာ

ကရင်နီပြည်နယ် ရဲတပ်ဖွဲ့ (KSP) ဖွဲ့စည်းကြောင်းကြေညာ

ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC) မှ CDM လုပ်ဆောင်ထားတဲ့ ရဲ (၃၂၀) ဦးပါဝင်တဲ့ ကရင်နီပြည်နယ်ရဲတပ်ဖွဲ့ (KSP) ကို ဖွဲ့စည်းပြီးကြောင်း ဒီကနေ့ ဩဂုတ်လ (၂၅) ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဒီမိုကရေစီကျင့်စဉ်နဲ့အညီ ကရင်နီပြည်နယ်တွင်းရှိ ပြည်သူလူထုရဲ့ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးအတွက် ပြည်သူ့ရဲဝန်ဆောင်မှုများ ပေးနိုင်ရန် စစ်အာဏာသိမ်းမှုကို ဖီဆန်ဆန့်ကျင်တဲ့ CDM ရဲ (၃၂၀) ဦးပါဝင်တဲ့ ကရင်နီပြည်နယ်ရဲ (Karenni State Police-KSP) ကို ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီရဲ့ နိုင်ငံရေး ဦးဆောင်မှုအောက်မှာ ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။

“ပြည်နယ်အလိုက်ပဲကိုယ့်ကိုဖွဲ့စည်းမယ်လေ ဥပဒေအခြေခံဖွဲ့စည်းအုပ်ချုပ်ပုံအရ ပြည်နယ်က ရဲ ဖွဲ့စည်းပိုင်ခွင့်ရှိတယ်။ ကာကွယ်ရေးတပ်ဖွဲ့တွေ ဖွဲ့စည်းပိုင်ခွင့်ရှိတယ်။ အဲ့ဒီအပေါ်မှာပဲ ပြည်နယ်ကိုယ်စားပြုအဖွဲ့ကနေပြီးတော့မှ ဖွဲ့စည်းရမှာပေါ့နော သဘောတူညီမှုနဲ့ အဲ့လိုရှိပါတယ်။” လို့ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ အဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။

ကရင်နီပြည်နယ်ရဲတပ်ဖွဲ့ဟာ ပြည်သူထူထုရဲ့အကျိုးစီးပွားနဲ့ ဘဝလုံခြုံရေးအတွက် အမှန်တကယ်စောင့်ရှောက်သွားမယ့် စံပြပြည်သူ့ရဲများအဖြစ် တော်လှန်ရေးကာလမှာ ပြည်သူတွေရဲ့ လိုအပ်ချက်အရ လုပ်ငန်းစဉ်များချမှတ်ပြီး အတတ်နိုင်ဆုံး ပါဝင်ဆောင်ရွက်သွားမယ်လို့ ကြေညာထားပါတယ်။

KSCC အဖွဲ့ဝင်တစ်ဦးက “လောလောဆယ် ကျတော်တို့က ကာလ ၃ ရပ်ကို ဖြတ်ရအုံးမယ်လေ တော်လှန်ရေးကာလ၊ အသွင်ကူးပြောင်းရေးကာလ၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးကာလ ဆိုပြီး ၃ပိုင်းရှိတယ်။ အခု ကျတော်တို့က တော်လှန်ရေးကာလမှာပဲ ရှိသေးတဲ့အတွက်ကြောင့် ကျတော်တို့ စစ်အာဏာရှင်ပြုတ်ကျရေးကို ဘယ်လိုလုပ်မလဲဆိုတဲ့ လုပ်ငန်းစဉ်က ပိုပြီးအရေးကြီးပါသေးတယ်။ လောလောဆယ်ပေါ့ စစ်အာဏာပြုတ်ကျမှ ကျတော်တို့က ကိုယ့်ရဲ့အုပ်ချုပ်ရေး ဘယ်လိုတည်ဆောက်မလဲဆိုတာက ပါးစပ်ကပြောတာတော့လွယ်ပါတယ် ဒါပေမယ့်လည်း လက်တွေ့ကျဖို့တော့လိုတာပေါ့နော။” လို့ ဆိုပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ စစ်တပ်မှ နိုင်ငံအာဏာကို မတရားသိမ်းယူပြီးနောက် ကရင်နီပြည်နယ်အတွင်းမှာလည်း စစ်အာဏာရှင်ကန့်ကွက်လုပ်ရှားတဲ့သပိတ်ကို အရှိန်မြှင့်စွာ လုပ်ဆောင်ခဲ့ပြီး ပြည်သူနဲ့အတူရပ်တည်တဲ့ ပြည်သူ့ရဲ ၃၂၀ မှ CDM ကိုလုပ်ဆောင်ထားပြီး စစ်အာဏာရှင်ကို တော်လှန်ရေးမှာ ပါဝင်နေကြပါတယ်။

 
 

 

 

December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...
December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...