NUG နှင့် NLD ပါတီဝင်များကို လက်ခံထောက်ပံ့ပါက အရေးယူမည်ဟု စစ်ကောင်စီပြော

NUG နှင့် NLD ပါတီဝင်များကို လက်ခံထောက်ပံ့ပါက အရေးယူမည်ဟု စစ်ကောင်စီပြော

စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးအဖွဲ့များသည် NUG နှင့် NLD ပါတီဝင်များကို လက်ခံထောက်ပံ့မှုများ ပြုလုပ်ပါက ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း ကားများဖြင့် လိုက်လံဆော်သြနေကြောင်း စုံစမ်းသိရသည်။

အဆိုပါ ဆော်သြမှုကို သျှမ်းပြည်တဝှမ်းတွင် ပြုလုပ်နေကြောင်း သတင်းရရှိသည်။

သျှမ်းပြည်တောင်ပိုင်းရှိ တောင်ကြီးမြို့၊ အောင်ပန်းမြို့နှင့် ကလောမြို့တွင် လော်စပီကာများကို ကားပေါ်တင်ပြီး စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့များနှင့်အတူ အထွေထွေအုပ်ချုပ်ရေးမှူးများက ရပ်ကွက်အတွင်း လိုက်လံဆော်သြနေကြောင်း သိရသည်။

အဆိုပါ ဆော်သြမှုတွင် “နိုင်ငံတော်အစိုးရ ကိုဗစ်ကာကွယ် ထိန်းချုပ်ရေးလုပ်နေမှုကို NUG နဲ့ NLD ပါတီဝင် အကြမ်းဖက်သမားတွေက လူသတ် ဗုံးခွဲပြီး နှောက်ယှက်နေတယ်။ထိုသူတွေနဲ့ မပတ်သက် လက်မခံရန် ၊အကြမ်းဖက်သမား ကူညီလက်ခံရင် ပြင်းပြင်းထန်ထန် အရေးယူမယ်” ဟု လော်စပီကာဖြင့် ရပ်ကွက်များတွင် လိုက်လံဆော်သြနေသည်။

“မနေ့ည က ဆော်သြတာ အုပ်ချုပ်ရေးမှူးကိုယ်တိုင်လိုက်ပါတယ်၊ စစ်ကောင်စီရဲ့ လူတွေပေါ့၊ NUG နဲ့ NLD ပါတီဝင်တွေက အကြမ်းဖက် သမားတွေဖြစ်လို့ သူတို့နဲ့ အဆက်အသွယ်မလုပ်ဖို့ ပြီးတော့ NLD တို့ PDF တို့ကို ကူညီထောက်ပံ့ပေးနေတာ သိရင် ဖမ်းမယ်၊ ထိထိရောက်ရောက် အရေးယူမယ်ဆိုတဲ့ အကြောင်း အော်သွားတယ်” ဟု အောင်ပန်းမြို့ အမှတ် (၃) ရပ်ကွက်တွင်နေထိုင်သည့် အမျိုးသားတစ်ဦးက ဆိုသည်။

ထိုနည်းတူ တောင်ကြီးမြို့တွင်လည်း ကား (၂) စီးဖြင့် NUG နှင့် မပတ်သက်ရန် လိုက်လံဆော်သြနေကြောင်း၊ ကိုဗစ်ကာကွယ်ဆေး ထိုးနေသည့်နေရာတွင် PDF မှ လိုက်လံဗုံးခွဲနေကြောင်း စသည့်အချက်များကို စစ်ကောင်စီအုပ်စုက လိုက်လံနှိုးဆော်နေကြောင်း သိရသည်။

“ဒါကတော့ ဘယ်သူက ဘာဆိုတာ ပြည်သူတွေက အသိဆုံးပါ။ အရင်ခေတ်ကလို လုပ်လို့မရတော့ဘူး။ အရင်ခေတ်ကလို စစ်တပ် ဝါဒဖြန့်လို့ရမယ်ထင်နေတာ” ဟု တောင်ကြီးဒေသခံတစ်ဦးက သျှမ်းသံတေ်ာဆင့်ကို ပြောသည်။

ယခုရက်ပိုင်း သျှမ်းပြည်နှင့် မြန်မာတဝှမ်းတွင်လည်း စစ်ကောင်စီ လက်အောက်ခံများသည် NUG နှင့် PDFတပ်ဖွဲ့ကို နည်းမျိုးစုံသုံးကာ ဝါဒဖြန့်မှု ပြုလုပ်ပြီါ်၊ ၎င်းအဖွဲ့များဖြင့် ဆက်သွယ်မှုပြုလုပ်ပါက ဖမ်းဆီးအရေးယူမည်ဟုလည်း ခြိမ်းခြောက်ပြောဆိုနေကြောင်း သိရသည်။

PDF အဖွဲ့များသည် မြို့ရွာများတည်ငြိမ်အေးချမ်းမှုမရှိအောင် လုပ်ဆောင်နေသော အကြမ်းဖက် ဖြစ်သဖြင့် လက်စတုန်းခြေမှုန်းရှင်းလင်းသွားမည်ဖြစ်ကြောင်း၊ အေးချမ်းစွာ နေထိုင်လိုသော ပြည်သူလူထုများ အနေဖြင့် အကြမ်းဖက်သူPDF များ၏ သတင်းများပေးပိုစေလိုကြောင်း နှင့် PDF တပ်ဖွဲ့များ လက်နက်ချရန် မြို့နယ်များရှိ ဓာတ်တိုင်များတွင် စာကပ်ထားကြောင်း သိရသည်။

“စစ်တပ်ရဲ့လုပ်ရပ်ကို အားလုံးကသိပြီးသားပဲ။ တကယ်တိုင်းပြည်အေးချမ်းခြင်ရင် စစ်တပ် က နေရာဖယ်ပေးရမှာလေ။ စစ်တပ်က အာဏာသိမ်းနေသရွေ့တော့ ပြည်သူတွေကလည်း လုပ်သင့်တာ လုပ်ရမှာပဲ” ဟု တောင်ကြီးမြို့ ရေအေးကွင်းတွင်နေထိုင်သည့် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီကို အပြီးသတ် ဖြုတ်ချတော်လှန်ရေးအတွက် အမေရိကန်ဒေါ်လာ ၅ သန်းရရှိရေး စီမံချက်ကို အမျိုးသားညီညွတ်ရေး အစိုးရ NUG ၊ ကာကွယ်ရေးဝန်ကြီး ဌာနမှ အကောင်အထည် ဖော်ဆောင်လုပ်နေလျက်ရှိသည့်အတွက် စစ်ကောင်စီက သတိပေးတားမြစ်ချက်တွေကို လိုက်လံဆော်သြခြင်းဖြစ်ကြောင်း ဒေသခံပြည်သူများက ဆိုသည်။

 
 

 

 

May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...
May 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည်...
May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...