တပ်မတော်သားများ ပြည်သူနဲ့လာရောက်ပူးပေါင်းပါက လုံခြုံရေးအပြင် စားဝတ်နေရေးကို အပြည့်အဝ တာဝန်ယူသွားမည်ဖြစ်ကြောင်း မိုးဗြဲ PDF ထုတ်ပြန်

တပ်မတော်သားများ ပြည်သူနဲ့လာရောက်ပူးပေါင်းပါက လုံခြုံရေးအပြင် စားဝတ်နေရေးကို အပြည့်အဝ တာဝန်ယူသွားမည်ဖြစ်ကြောင်း မိုးဗြဲ PDF ထုတ်ပြန်

ပြည်သူနဲ့လာရောက်ပူးပေါင်းမယ့် တပ်မတော်သားတို့ကို မိုးဗြဲ PDF မှ နွေးထွေးစွာကြိုဆိုပြီး တပ်မတော်သားတို့ရဲ့လုံခြုံရေးကို အပြည့်အဝ တာဝန်ယူသွားမယ့်အပြင် စားဝတ်နေရေးအတွက် ပြည်သူ့စစ်သား (People’s Soldier) အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဒီကနေ့ ဩဂုတ်လ ၂၃ ရက်နေ့မှာ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် သတင်းနှင့်ပြန်ကြားရေးက သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် လက်နက်ခဲယမ်းအပြည့်အစုံနဲ့ လာရောက်ပူးပေါင်းပါက ပြည်သူမှပံ့ပိုးထားတဲ့ ဆုတော်ငွေများကိုလည်း ထိုက်ထိုက်တန်တန် ချီးမြှင့်သွားမယ့်အပြင် အချိန်မီ ပြည်သူ့ဘက်ရပ်တည်ကြပြီး လာရောက်ပူးပေါင်းကြဖို့ အထူးတိုက်တွန်းပန်ကြားထားပါတယ်။

အကြမ်းဖက်စစ်အုပ်စုရဲ့ မတရားစေခိုင်းမှု၊ ခွဲခြားဆက်ခံမှုအောက်ကနေ ရုန်းထွက်ဖို့ ယခုအချိန်ဟာ ပြည်သူ့စစ်သားအတွက် အချိန်ကောင်းတစ်ခုဖြစ်တဲ့အတွက် တန်ဖိုးရှိလှတဲ့ တပ်မတော်သားတွေရဲ့ အသက်၊ သွေး၊ ချွေးတွေ မင်းအောင်လှိုင်နဲ့ ဗိုလ်ချုပ်တစ်စုရဲ့ အကျိုးစီးပွားအတွက် စတေးခံ မဖြစ်စေရန် ပြည်သူ့ဖက်ကို ရပ်တည်ဖို့လိုပြီး ပြည်သူလူထုနဲ့အတူ ပူးပေါင်းပြီး စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်တဲ့အထိ အတူတွန်းလှန်ဖို့ ထုတ်ပြန်ပြီး ဖိတ်ခေါ်ထားပါတယ်။

May 7, 2026
ဧပြီလအကုန် မေလအစမှာ ဓာတ်ဆီဈေးတွေ အနည်းငယ် ပြန်လည်ကျလာတာကြာင့် ကရင်နီပြည်၊...
May 5, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်ထဲက စစ်ဘေးရှောင်တချို့ဟာ ဆေးဝါးမလုံလောက်မှု၊...
May 4, 2026
ထိုင်း-ကရင်နီနယ်စပ်က ကရင်နီဒုက္ခသည်စခန်းအမှတ်(၁)မှာ ဧပြီလ ဒုတိယပတ်ကစပြီး ဝက်နာမကျန်းမှု...
May 2, 2026
ကရင်နီပြည်မှာ စစ်အုပ်စုရဲ့ တိုက်ခိုက်မှုတွေကြောင့် ဧပြီလအတွင်း ပြည်သူ ၅ ဦးသေဆုံးခဲ့တယ်လို့...