ဟုမ္မလင်းမြို့နယ် ဖြတ်သန်းသွားလာခွင့်လက်မှတ်အတွက် ငွေကြေးပေးရ

ဟုမ္မလင်းမြို့နယ် ဖြတ်သန်းသွားလာခွင့်လက်မှတ်အတွက် ငွေကြေးပေးရ

ဟုမ္မလင်းမြို့နယ်ကို Stay at Home အစီအစဉ် ကြေညာခဲ့ပြီးနောက် ဟုမ္မလင်းမြို့ပေါ်ကို ဖြတ်သန်းသွားလာနိုင်ရန် မြို့နယ်ဖြတ်သန်းသွားလာခွင့် ထောက်ခံချက်လက်မှတ်အတွက် ငွေကြေးပေးရကြောင်း စုံစမ်းသိရှိရသည်။

“ရွာကနေသွားရင် အုပ်ချုပ်ရေးမှူးထောက်ခံချက်နဲ့ပဲ၊ ဟုမ္မလင်းကနေ ဒီကိုပြန်လာရင် ကုတင် ၁၀၀ ဆေးရုံမှာ ထောက်ခံချက်လက်မှတ် သွားယူရတယ်။ ဘာမှလည်းမစစ်ဆေးဘူး။ ပြီးရင် တစ်ထောင်တောင်းတယ်” ဟု ဒေသခံတစ်ဦးက ရှမ်းနီအသံကိုပြောသည်။

ဟုမ္မလင်းမြို့ပေါ်ကို ကျေးရွာများမှ ဝင်/ထွက်သွားလာမှုအတွက် ကုတင် ၁၀၀ ဆေးရုံတွင် ကျန်းမာရေးထောက်ခံချက်ရယူပြီးမှ သွားလာရကြောင်း သိရသည်။

ထိုထောက်ခံချက်လက်မှတ်အတွက် ကျန်းမာရေးစစ်ဆေးမှု တစ်စုံတစ်ရာမပြုလုပ်ပဲ အမည်စာရင်းရေးသွင်းပြီး ငွေကြေးတောင်းခံခြင်းဖြစ်သည်ဟု ဆိုသည်။

ဟုမ္မလင်းမြို့နယ်တွင် Covid-19 ရောဂါပွဲကူးစက်မှု (၁၆၀၅) ဦးရှိပြီး သေဆုံးသူ (၇၆) ဦးထိရှိထားသည်။

ဟုမ္မလင်းမြို့နယ်အတွင်းကိုလည်း ဩဂုတ်လ ၂၃ ရက်ကနေစပြီး လကုန်အထိ နေအိမ်ပြင်ပ သွားလာခွင့်နှင့် စျေးဆိုင်ရောင်းချမှုများကိုလည်း ကန့်သတ်ထားကြောင်း သိရသည်။

Photo Caption: ဟုမ္မလင်းမြို့ပေါ်သွားသည့် ကျေးရွာသားတစ်ဦး၏ ကျန်းမာရေးထောက်ခံချက်လက်မှတ်

 
 

 

 

ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...
ဓါတ်ပုံ - (စစ်ရှောင်များ / Crd)
August 28, 2026
ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ဗန်းမော်မြို့ စစ်ဘေးရှောင်များအနက် ထောက်ပံ့ကြေး တစ်ကြိမ်မျှ...
ဓာတ်ပုံ - ရှမ်းနီအသံ
August 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် ဘဏ်ဖွင့်လှစ်နိုင်ခြင်း မရှိသေးသဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ...
August 26, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ်အတွင်းရှိ Starlink (စတားလင့်ခ်) ဝိုင်ဖိုင်စက် အသုံးပြုခများကို...