ကျိုင်းတုံမြို့နယ်အတွင်း ဈေးဝယ်ကဒ်ကို ပိုက်ဆံပေးဝယ်ယူရ

ကျိုင်းတုံမြို့နယ်အတွင်း ဈေးဝယ်ကဒ်ကို ပိုက်ဆံပေးဝယ်ယူရ

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် မိုင်းလန်းကျေးရွာအုပ်စုတွင် ဈေးဝယ်ကဒ်ကို ပိုက်ဆံပေးပြီး ဝယ်ယူနေရကြောင်း စုံစမ်းသိရှိရသည်။

ထိုဈေးဝယ်ကဒ်ကို ၅၀၀ ကျပ်ဖြင့်လည်းကောင်း၊ ပလတ်စတစ်လောင်းပါက ၁ထောင်ကျပ်ဖြင့် ပေးဝယ်နေရကြောင်း သိရသည်။

“ဟုတ်တယ်။ သူတို့အုပ်ချုပ်ရေးမှုက အဲလိုတောင်းတာ။ ရိုးရိုးပဲဆိုရင် ၅၀၀ ကျပ်တဲ့။ ပလတ်စတစ်ပါလောင်းယူမယ်ဆို ၁ ထောင်ကျပ်တောင်းတယ်။ ပြည်သူတွေ ဒုက္ခ ရောက်နေတဲ့အချိန်မှာ အဲ့လို မလုပ်သင့်ဘူး” ဟု ကျိုင်းတုံမြို့ ဒေသခံအမျိုးသားတဦးကပြောသည်။

ထိုသို့ ဈေးဝယ်ကဒ်ကို ကျိုင်းတုံမြို့ မိုင်းလန်းကျေးရွာအုပ်စု တခုထဲတွင်သာ ဝယ်ယူရပြီး ကျန်သည့် ကျေးရွာအုပ်စုများ၊ မြို့ပေါ်တွင် မဝယ်ယူရကြောင်း သိရသည်။

“သူတို့အဲ့ကျေးရွာအုပ်စုပဲတောင်းတယ်။ ကျန်တဲ့ အုပ်စုတော့မကြားမိဘူး။ ကျနော်တို့ဆို ဈေးဝယ်ကဒ်ကို အကောင်းစားရသေးတယ်။ ပလတ်စတစ်ပါတခါထဲလောင်းထားပေးတယ်။ ပိုက်ဆံလည်းမကုန်ရဘူး” ဟု ကျိုင်းတုံမြို့ဒေသခံတဦးက ပြောသည်။

ထိုအပြင် ကျိုင်းတုံမြို့တွင် Stay at homeအဖြစ် သတ်မှတ်ထားသော်လည်း ကိုဗစ် ၁၉ ပိုးတွေ့လူနာကို တရက်တည်း အများအပြားတွေ့ရှိနေရသေးကြောင်း သိရသည်။

ပိုးတွေ့လူနာများပြားလာရခြင်းသည် Stay at home အဖြစ်သတ်မှတ်ထားပြီး ပြည်သူတချို့က ဈေးဝယ်ကဒ်ဖြင့် ခိုးထွက်မှုရှိသောကြောင့် ပိုးတွေ့လူနာ များလာကြောင်း ဒေသခံတဦးက ပြောသည်။

“သူတို့တွေက Stay at home လို့တာသတ်မှတ်ထားတာ။ အပြင်ထွက်နေကြတဲ့သူတွေလဲရှိတယ်လေ။ လော့ဒေါင်းမချလိုက်ဘူး။ တစ်ချို့က ဈေးသွားရောင်းရတယ်။ တချို့က ဈေးဝယ်ကဒ်နဲ့ အပြင်ထွက်လည်း ကြတာလည်းရှိတယ်။ အဲကြောင့် ကိုဗစ်ပိုးက ပြန့်နေတာ” ဟု ကျိုင်းတုံမြို့ဒေသခံအမျိုးသားတဦးက ပြောသည်။

ကျိုင်းတုံမြို့တွင် ယမန့်နေ ဩဂုတ် ၂၂ တရက်တည်း ကိုဗစ် ၁၉ ပိုးတွေ့လူနာ (၅၈) ဦးတွေ့ရှိပြီး သေဆုံးသူ (၃) ဦးရှိကြောင်း သိရသည်။

 
 

 

 

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...