တာပိန်မြစ်ကြောင်းတစ်လျှောက် ကျေးရွာများ ဘေးလွတ်ရာသို့ အချိန်မီရွှေ့ပြောင်းရန် သတိပေးချက်ထုတ်ပြန်

တာပိန်မြစ်ကြောင်းတစ်လျှောက် ကျေးရွာများ ဘေးလွတ်ရာသို့ အချိန်မီရွှေ့ပြောင်းရန် သတိပေးချက်ထုတ်ပြန်

မိုးမောက်မြို့နယ် တာပိန်ရေအားလျှပ်စစ်တွင် ရေများမြင့်တက်လာသဖြင့် ရေလွှတ်ချမည်ဖြစ်သောကြောင့် မြစ်ကြောင်းတစ်လျှောက် မိုးမောက်နှင့် ဗန်းမော်မြို့နယ်မှ ရပ်ကွက်၊ ကျေးရွာများအနေဖြင့် ဘေးလွတ်ရာသို့ အချိန်မီ ရွှေ့ပြောင်း နေထိုင်ကြပါရန် သက်ဆိုင်ရာ ယမန်နေ့က လိုက်လံ ကြေညာနေကြောင်း သိရသည်။

“ယခုအခါ တာပိန်ရေးအားလျှပ်စစ်မှ ရေများဖောက်ထုတ်ရန်အတွက် ယခုမြင်တွေ့နေရသော ရေထက် ၄ ဆက်မြင့်တက်မည်ဖြစ်ပါသဖြင့် မိဘပြည်သူများအနေဖြင့် မိမိတို့၏ အရေးကြီးပစ္စည်းများကို လေးစားစွာဖြင့် သတိပေးအပ်ပါသည်” ဟု ယနေ့ ဗန်းမော်မြို့တွင် သက်ဆိုင်ရာက အော်လံဖြင့် လိုက်လံ သတိပေးခဲ့သည်။

ယခုရက်ပိုင်း တာပိန်အထက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမူကြောင့် တာပိန်ရေလှောင်ကန်သည် သတ်မှတ်ရေအမှတ်ထက် ကျော်လွန်နေပြီဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် တာပိန်ရေလှောင်ကန်မှ ရေဖောက်ချပြီး ၁၀ နာရီအတွင်း ‌ဗန်းမော်မြို့သို့ ရောက်ရှိနိုင်သဖြင့် ပြည်သူများအနေဖြင့် သိမ်းဆည်းသင့်သည်များကို သိမ်းဆည်းထားရန် မိုးလေဝသဌာနကလည်း ထုတ်ပြန်ထားသည်။

ကချင်ပြည်နယ် မိုးလေဝသနှင့်ဇလဗေဒ၏ ဩဂုတ် ၁၉ ရက် နေ့လည် ‌၁၂ နာရီ တိုင်းထွာချက်အရ ဗန်းမော်တွင် ၉၈၈ စင်တီမီတာရောက်ရှိနေပြီး စိုးရိမ်ရေအမှတ်ရောက်ရန် အနည်းငယ်သာလိုတော့ကြောင်း သိရသည်။

ဗန်းမော်မြိုရဲ့ စိုးရိမ်ရေအမှတ်မှာ ၁၁၅၀ စင်တီမီတာဖြစ်သည်။

ထို့အပြင် ဗန်းမော်မြို့အထက်ပိုင်း မြစ်ကြီးနားမြို့မှ ကျဆင်းလာသော မြစ်ရေရောက်ရှိလာခြင်းနှင့် တာပိန်မြစ်ရေ စီးဝင်မှုတို့ကြောင့် သာမန်ထက် မြစ်ရေမြင့်တက်မှု ပိုမြန်နိုင်ကြောင်း ပြည်နယ်မိုးလေဝသက ဖော်ပြထားပါသည်။

 
 

 

 

May 7, 2026
စစ်ကိုင်းတိုင်း မော်လူးမြို့ကိုဝင်ရောက်ထိန်းချုပ်ခဲ့တဲ့ စစ်ကော်မရှင် စစ်ကြောင်းဟာ...
May 6, 2026
မြစ်ကြီးနား လေကြောင်းခရီးစဉ်တွေမှာ လေယာဉ်လက်မှတ်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာကြောင့်...
May 5, 2026
အမိုး — စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့နယ်အတွင်းမှာရှိတဲ့ Star Link Wifi...
May 1, 2026
ကချင်ပြည်နယ်၊ မချမ်းဘော့မြို့နယ် အရှေဘက် အလန်ဂါးကျေးရွာအဝင်က...