ဓာတ်မြေသြဇာစျေးနှုန်းများ အဆမတန်မြင့်တက်လာနေ၍ လယ်သမားများ အခက်အခဲကြုံနေရ

ဓာတ်မြေသြဇာစျေးနှုန်းများ အဆမတန်မြင့်တက်လာနေ၍ လယ်သမားများ အခက်အခဲကြုံနေရ

ရခိုင်ပြည်နယ်အတွင်း ယခုနှစ်တွင် ဓာတ်မြေသြဇာစျေးနှုန်းများ အဆမတန်မြင့်တက်လာနေ၍ အခက်အခဲများကြုံနေရကြောင်း လယ်ယာစိုက်ပျိုးသူများက ပြောသည်။

ယခင်နှစ်များက ဓာတ်မြေသြဇာတစ်အိတ်ကို စျေးနှုန်း ၃၀,၀၀၀ ဝန်းကျင်ရှိခဲ့ရာ ယခုနှစ်မှာ စျေးနူန်း ၆၀,၀၀၀ ဝန်းကျင်အထိ မြင့်တက်လာပြီး ဓာတ်မြေသြဇာအသုံးပြုရန် အခက်အခဲရှိနေကြောင်း ပေါက်တောမြို့နယ်၊ ချောင်းနွယ်ကျေးရွာမှ လယ် ၆၀ ဧကကျော် စပါးစိုက်ပျိုးသူ ဦးထွန်းအောင်ဇံက ပြောသည်။

"ဓာတ်မြေသြဇာစျေးနှုန်း အဆမတန်မြင့်တက်လာတော့ လယ်သမားတွေအနေနဲ့ အခက်အခဲရှိပါတယ်။ ဓာတ်မြေသြဇာတစ်အိတ်ဆိုရင် ၃ ဧကလောက် အသုံးပြုပါတယ်။ ဒီနှစ်မှာတော့ စျေးလည်းမြင့်တယ်။ ပြီးတော့ ကိုယ်မှာရှိနေတဲ့ စပါးကိုတောင် ဝယ်ယူမယ့်သူမရှိဘူး။ ငွေကြေးလည်ပတ်မှုလည်း အားနည်းတဲ့အတွက် ပုံမှန်ုအသုံးပြုဖို့လိုအပ်တဲ့ ဓာတ်မြေသြဇာပမာဏရဲ့တစ်ဝက်လောက်တောင် အသုံးပြုနိုင်မှာမဟုတ်ပါဘူး။ နှစ်စဉ်နှစ်တိုင်း ဓာတ်မြေသြဇာတွေသုံးခဲ့တော့ အခုမသုံးတော့ရင် ပျိုးပင်တွေလည်းမကောင်းဘူး။ စပါးထွက်နှုန်းလည်းနည်းပါတယ်" ဟုပြောသည်။

ယခုနှစ် ဧပြီလမှစပြီး ဓာတ်မြေသြဇာစျေးနှုန်းများ မြင့်တက်လာခဲ့ခြင်းဖြစ်ပြီး ငွေကြေးမတတ်နိုင်၍ မသုံးနိုင်တော့သည့် လယ်သမားများလည်း ရှိနေသည်ဟု သိရသည်။

မင်းပြားမြို့နယ်မှ လယ် ၄ ဧကစပါးစိုက်ပျိုးသူ ဦးသာထွန်းအောင်ကလည်း "ဓာတ်မြေသြဇာစျေးနှုန်းက နှစ်ဆလောက်တက်နေတော့ ဒီနှစ်မှာ ဓာတ်မြေသြဇာအသုံးပြုနိုင်မှာမဟုတ်ပါဘူး။ ပျိုးပင်တွေကလည်းသိပ်မကောင်းကြဘူးဆိုတော့ ဓာတ်မြေသြဇာ အသုံးပြုဖို့တော့ လိုအပ်ပါတယ်။ ဒါပေမယ့် ငွေကြေးမတတ်နိင်တော့ မသုံးမနိုင်ပါဘူး" ဟု ပြောသည်။

ကိုဗစ်ကာလ လမ်းပန်းဆက်သွယ်ရေးအခက်အခဲများကြောင့် ဓာတ်မြေသြဇာစျေးနှုန်းမြင့်တက်နေခြင်းဖြစ်ပြီး ယခုကဲ့သို့ စျေးနူန်းမြင့်တက်လာနေ၍ အရောင်းအဝယ်နည်းပါးလာကြောင်း စစ်တွေမြို့၊ မပြုံးပြုံးဓာတ်မြေသြဇာ ဆိုင်ပိုင်ရှင် ဒေါ်မမြအေးကပြောသည်။

"ဓာတ်ပြေသြဇာက စျေးနှုန်းက အဆမတန်တက်လာတော့ ရောင်းတဲ့သူတွေအတွက်လည်း ဝယ်တဲ့သူတွေနည်းသွားတဲ့အတွက် အရောင်းအဝယ်လုပ်ရတာအဆင်မပြေပါဘူး။ ဝယ်တဲ့သူတွေကလည်း အရင်နှစ်တွေကလို့ အများကြီး မဝယ်နိုင်ကြဘူး။ အရင်နှစ်တွေကဆိုရင် ဒိုင်တွေက ဓာတ်မြေသြဇာအိတ်တွေ အများကြီးယူပြီး ရောင်းနိုင်တယ်။ ဒီနှစ်က ဒိုင်တွကသွားဝယ်ရင် တစ်ကြိမ်ထက်တစ်ကြိမ် ပိုပြီးစျေးနှုန်းမြင့်လာတယ်။ ကိုဗစ်ကြောင့် ကုန်စည်ပို့ဆောင်မူ အခက်အခဲတွေကြောင့်လည်း ပါမယ်ထင်ပါတယ်။ ဓာတ်မြေသြဇာစျေးနှုန်းက နောက်ထပ်လည်း မြင့်တက်လာဖို့ အခြေအနေမြင်ပါတယ်" ဟု ပြောသည်။

လက်ရှိ ပျိုးပင်များ စတင်ဖွံ့ဖြိုးကြီးထွားလာပြီဖြစ်၍ ဓာတ်မြေသြဇာအသုံးပြုရန် လိုအပ်ချိန်တွင် ယခင်နှစ်များကထက် ဓာတ်မြေသြဇာစျေးနှုန်း နှစ်ဆခန့် မြင့်တက်နေခြင်းဖြစ်သည်။

 
 

 

 

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...