မီဇိုရမ်ရောက် မြန်မာစစ်ဘေးရှောင်များအား ကိုဗစ်ကာကွယ်ဆေးထိုးပေး

မီဇိုရမ်ရောက် မြန်မာစစ်ဘေးရှောင်များအား ကိုဗစ်ကာကွယ်ဆေးထိုးပေး

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်း ထွက်ပြေးခိုလှုံလာကြသော မြန်မာစစ်ဘေးရှောင်များကို မီဇိုရမ်အစိုးရ၏ စီစဉ်မှုဖြင့် ယနေ့ ဩဂုတ်လ ၁၉ ရက်နေ့မှစတင်ကာ ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မီဇိုရမ်ပြည်နယ်မြို့တော် အိုက်ဇောလ် Mualpui ရပ်ကွက် R. Dengthuama ခန်းမတွင် နေထိုင်ကြသော လွတ်တော်ကိုယ်စားလှယ်များနှင့် Sihphir ကျေးရွာ Synod Revival Camping Centre တွင် နေထိုင်ကြသော CDM စစ်ဘေးရှောင်များကို ကိုဗစ်ကာကွယ်ဆေး စတင်ထိုးပေးလျက်ရှိကြောင်း NGO United for Democratic Myanmar အဖွဲ့ ဥက္ကဌ ပူးလောမ်မာက ယခုလိုပြောပါသည်။

“ကိုဗစ်ကာကွယ်ဆေးကိုရနိုင်အောင် ကျနော်တို့အဖွဲ့အနေဖြင့် ဟိုးလွန်ခဲ့တဲ့ မတ်လလောက်ကတည်းက မီဇိုရမ်အစိုးရကို တောင်းခဲ့တယ်။ ကျနော်တို့တောင်းဆိုမှုကို အလေးအနက်ထားပြီး မီဇိုရမ်အစိုးရအနေဖြင့် အခုလို ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးတဲ့အပေါ် အရမ်းကျေးဇူးတင်ပါတယ်"

ဆက်လက်၍ ပူးလောမ်မာက “ဒီကနေ့မှာ နှစ်နေရာမှာ ထိုးပေးမှာဖြစ်တယ်။ Mualpui ရပ်ကွက် R.Dengthuama ခန်းမမှာရှိကြတဲ့ လွတ်တော်ကိုယ်စာလှယ်များနှင့် သူတို့မိသားစုရယ်၊ Sihphir ကျေးရွာ Synod Revival Camping Centre မှာနေထိုင်ကြတဲ့ ၁၈ နှစ်အထက် စစ်ဘေးရှောင်များကို တစ်ရက်တည်းမှာ ထိုးပေးသွားတာဖြစ်တယ်” လို့ ဆက်ပြောပါသည်။

၎င်းအပြင် မီဇိုရမ်ပြည်နယ်အတွင်း နိုင်ငံသားမှတ်ပုံတင်၊ Aadhaar card မရှိသည့် မြန်မာနိုင်ငံသားများအပါအဝင် အခြားသော လူမျိုးများအတွက်ကိုလည်း မီဇိုရမ်အစိုးရအစီအစဉ်ဖြင့် သက်ဆိုင်ရာရပ်ကွက်အလိုက် ကိုဗစ်ကာကွယ်ဆေးများ ထိုးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အလားတူ မီဇိုရမ်အစိုးရအစီအစဉ်ဖြင့် ယမန်နေ့ သြဂုတ်လ ၁၈ ရက်နေ့ကလည်း အိန္ဒိယ-မြန်မာနယ်စပ် ကျန်ဖိုင်းခရိုင်အတွင်း ထွက်ပြေးခိုလှုံလာကြသော မြန်မာစစ်ဘေးရှောင်များကို ကိုဗစ်ကာကွယ်ဆေး စတင်ထိုးပေးခဲ့သည်။

May 7, 2026
စစ်ကိုင်းတိုင်း မော်လူးမြို့ကိုဝင်ရောက်ထိန်းချုပ်ခဲ့တဲ့ စစ်ကော်မရှင် စစ်ကြောင်းဟာ...
May 6, 2026
မြစ်ကြီးနား လေကြောင်းခရီးစဉ်တွေမှာ လေယာဉ်လက်မှတ်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာကြောင့်...
May 5, 2026
အမိုး — စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့နယ်အတွင်းမှာရှိတဲ့ Star Link Wifi...
May 1, 2026
ကချင်ပြည်နယ်၊ မချမ်းဘော့မြို့နယ် အရှေဘက် အလန်ဂါးကျေးရွာအဝင်က...