နိုင်ငံရေးပါတီအားလုံးရဲ့ ရန်ပုံငွေနဲ့ ပစ္စည်းတွေကို စစ်ဆေးမယ်လို့ စစ်ကောင်စီကော်မရှင်ပြော

နိုင်ငံရေးပါတီအားလုံးရဲ့ ရန်ပုံငွေနဲ့ ပစ္စည်းတွေကို စစ်ဆေးမယ်လို့ စစ်ကောင်စီကော်မရှင်ပြော

နိုင်ငံရေးပါတီအားလုံးရဲ့ ရန်ပုံငွေ၊ ငွေကြေးနဲ့ ပစ္စည်းတွေကို မကြာမီကာလအတွင်း စစ်ဆေးသွားမယ်လို့ အာဏာသိမ်းစစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်လိုက်ပါတယ်။

စစ်ကောင်စီကော်မရှင်ရဲ့ သြဂုတ် ၁၂ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်တဲ့ အကြောင်းကြားစာမှာတော့ နိုင်ငံရေးပါတီအားလုံး ပါတီဝင်ကြေး၊ ပါတီလစဉ်ကြေး၊ ပါတီကိုလှူဒါန်းထားတဲ့ အလှူငွေစာရင်း၊ ပါတီရန်ပုံငွေနဲ့ ပါတီရငွေ သုံးငွေစာရင်းတွေကို စာရင်းပြုစုထားပေးဖို့ ဖြစ်ပါတယ်။

ရွေးကောက်ပွဲဝင် လွှတ်တော်ကိုယ်စားလောင်း တစ်ဦးချင်းစီရဲ့ ပါတီရန်ပုံငွေမှ ကျခံသုံးစွဲခဲ့တဲ့ ရွေးကောက်ပွဲ အသုံးစရိတ်စာရင်းတွေလည်း ပြုစုထားပေးဖို့ ပါဝင်ပါတယ်။

နိုင်ငံရေးပါတီ‌ေတွအနေနဲ့  စစ်ဆေးခံနိုင်ရေးအတွက် ပြင်ဆင်ထားဖို့နဲ့ စစ်ဆေးမယ့်နေ့ရက် အသိပေးမယ်လို့ စစ်ကောင်စီကော်မရှင်က ထုတ်ပြန်ထားပါတယ်။

June 15, 2026
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်အထိ ၅ နှစ်တာအတွင်း စစ်တပ်က ပြည်သူတွေနဲ့...
June 13, 2026
အတွဲလိုက် ဆောင်းဘောက်တွေ ဖွင့်လှစ်ပြီး ဆူညံသံတွေကြောင့် နိုင်ငံသားများရဲ့ ကျန်းမာရေး...
June 12, 2026
မွန်ပြည်နယ် စည်ပင်သာယာရေး ကော်မတီ ဖွဲ့စည်းရေးနဲ့ ပတ်သက်ပြီး စစ်အစိုးရခန့် ပြည်နယ်...
June 11, 2026
အတွဲလိုက် ဆောင်းဘောက်တွေ ဖွင့်လှစ်ပြီး ဆူညံသံတွေကြောင့် နိုင်ငံသားများရဲ့ ကျန်းမာရေး...