မကွေးလွှတ်တော် ကိုယ်စားပြုကော်မတီအဖွဲ့ဝင် ဒေါ်မြင့်စန်း အဖမ်းခံရ

မကွေးလွှတ်တော် ကိုယ်စားပြုကော်မတီအဖွဲ့ဝင် ဒေါ်မြင့်စန်း အဖမ်းခံရ

မကွေးတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားပြုကော်မတီ (CRMH) အဖွဲ့ဝင် ဒေါ်မြင့်စန်းသည် သြဂုတ် ၁၁ ရက် ညပိုင်းက ဖမ်းဆီးခံလိုက်ရကြောင်း သိရသည်။

၎င်းကို စစ်ကောင်စီက ၅၀၅ (ခ) ပုဒ်မတပ်ကာ ဖမ်းဝရမ်းထုတ်ထားပြီး နတ်တလင်းမြို့တွင် အဖမ်းခံလိုက်ရခြင်းဖြစ်သည်။

"သူအမေနေမကောင်းလို့ သူကသွားတာပေါ့၊ သွားတဲ့အချိန်မှာ ဒလန်က ရဲကိုသတင်းပေးလိုက်တာ။ အဲဒါနဲ့ သူကိုလာပြီး ဖမ်းသွားတယ်။ သူ့အမေကတော့ ဆုံးသွားတယ်" ဟု နီးစပ်သူတစ်ဦးက ပြောပြသည်။

ဒေါ်မြင့်စန်းသည် မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး တိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ (CRMH) ၏ အဖွဲ့ဝင်အဖြစ် ဆောင်ရွက်နေသူလည်းဖြစ်သည်။

NLD ပါတီကိုယ်စားပြုကာ ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲများတွင် ယှဉ်ပြိုင်အနိုင်ရရှိခဲ့သော အိမ်ထောင်မရှိသည့် အငြိမ်းစား ကျောင်းဆရာမတစ်ဦးလည်းဖြစ်သည်။

ယမန်နေ့ညပိုင်းတွင် ပခုက္ကူအကျဉ်းထောင်သို့ ပို့ဆောင်ခံရပြီး စစ်ကြောရေးလုပ်နေသည်ဟု သိရကြောင်း နီးစပ်သူများထံက သိရှိရသည်။

August 3, 2026
ချင်းပြည်၊ ဟားခါးမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အုပ်စု တပ်ဖွဲ့ဝင်များ၏...
August 3, 2026
ငဝန်မြစ်ရေကာတာ တာဘောင်ကျိုးကျမှုကြောင့် တစ်မြို့နယ်လုံးနီးပါး ရေကြီးရေလျှံမှု ဖြစ်ပွားနေသည့်...
August 1, 2026
စစ်အုပ်စုနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ချင်းညီနောင် (CB) အဖွဲ့ဝင်ဖြစ်သည့်...
July 31, 2026
စစ်အုပ်စုတပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ရန်ကုန်နေအိမ်သို့...