ကရင်အချင်းချင်း သွေးမခွဲ၊ စိတ်ဝမ်းမကွဲကြရန် KNU ဝင်းရေးမြို့နယ်ဥက္ကဌ တိုက်တွန်း

ကရင်အချင်းချင်း သွေးမခွဲ၊ စိတ်ဝမ်းမကွဲကြရန် KNU ဝင်းရေးမြို့နယ်ဥက္ကဌ တိုက်တွန်း

အမျိုးသားအရေး ဆောင်ရွက်သည့်နေရာတွင် ဘာသာရေး လူမျိုးရေး အရောင်ဆိုးခံရမှုကြောင့် ကရင်အချင်းချင်း စိတ်ဝမ်းကွဲခဲ့ရသည့်အတွက် အထူးသတိထားဆောင်ရွက်ကြရန် ယမန်နေ့ (ဩဂုတ်လ ၁၂ ရက်) ဝင်းရေးမြို့နယ် ခန်းမဆောင်၌ကျင်းပသည့် ၇၁ နှစ်မြောက် ကရင်အာဇာနည်နေ့ အခမ်းအနားတွင် မြို့နယ်တာဝန်ရှိသူက တိုက်တွန်းပြောဆိုသည်။



မိမိတို့၏ စာပေယဉ်ကျေးမှု၊ အမျိုးသားရေးလက္ခဏာများနှင့် ခေါင်းဆောင်များ၏ ရှေ့ဆောင်လမ်းညွှန်မှုများကို သိရှိနားလည်ထားရမည်ဖြစ်ပြီး အချင်းချင်းသွေးမခွဲ၊ စိတ်ဝမ်းမကွဲကြရန် KNU ဝင်းရေးမြို့နယ် ဥက္ကဌ ပဒိုစောမောင်ရွှေက ကေအိုင်စီသို့ ပြောဆိုသည်။



“ဘာသာရေးအရရော၊ လူမျိုးရေးအရရော ထိလွယ်ရှလွယ်တဲ့ဟာတွေ အများကြီးရှိတယ်။ တစ်ခါတစ်လေ အရောင်ဆိုးခံရတတ်တယ်။ ကရင့်အဘိဓာန်ယဉ်ကျေးမှုဓလေ့ အမျိုးသားရေးလက္ခဏာသမိုင်းတွေ မသိထားရင် အရောင်ဆိုးခံရနိုင်တယ်။ အမျိုးသားရေးဆောင်ရွက်တဲ့နေရာမှာ အချင်းချင်းသွေးမခွဲ၊ စိတ်ဝမ်းမကွဲကြဖို့ လိုအပ်တယ်” ဟု ဝင်းရေးမြို့နယ် ဥက္ကဌက ပြောသည်။



ကိုဗစ်စည်းကမ်းသတ်မှတ်ချက်နှင့်အညီ ကျင်းပသည့် ၇၁ နှစ်မြောက် ကရင့်အာဇာနည်နေ့အခမ်းအနားတွင် ကျဆုံးခဲ့သည့် ကရင်အာဇာနည်ခေါင်းဆောင်များကို လူမှုအဖွဲ့အသီးသီးမှ လွမ်းသူပန်းခွေများချပြီး အာဇာနည်နေ့ ဖြစ်ပေါ်လာခဲ့သည့် သမိုင်းအကြောင်းနှင့် သဝဏ်လွှာများကို ဖတ်ကြားခဲ့သည်။



အခမ်းအနားတက်ရောက်လာသူ တောင်ဒီးရွာမှ နန်းသွယ်သွယ်ဖြိုးက “အမျိုးသားရေးအတွက် အသက်ပေးလှူသွားကြတဲ့ ကရင်ခေါင်းဆောင်တွေကို အောက်မေ့ဂုဏ်ပြုချင်လို့ လာတာပါ။ ခေါင်းဆောင်တွေ လမ်းညွှန်ချမှတ်ခဲ့တဲ့အရာတွေ ဒီပွဲမှာ သိခွင့်ရတယ်။ ကရင့်အရေးအတွက် နိုင်တဲ့ဘက်ကနေ လုပ်သွားမယ်” ဟု ကေအိုင်စီသို့ ပြောသည်။



ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီးနှင့် ကျဆုံးခဲ့သည့် ကရင့်အာဇာနည်များကို အောက်မေ့သတိရ ဂုဏ်ပြုသည့်အနေဖြင့် ဩဂုတ်လ ၁၂ ရက်နေ့ ရောက်တိုင်း ကရင်လူမျိုးများနေထိုင်သည့် ဒေသအသီးသီးတွင် အာဇာနည်နေ့ အခမ်းအနား ကျင်းပလေ့ရှိသည်။

May 12, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးနှင့် ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာတချို့တို့တွင် ယခုနှစ်နွေရာသီ...
May 11, 2026
ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA နယ်မြေအတွင်းရှိ ဒေသခံလူထုများ ကြုံတွေ့နေရသည့်...
May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...