မုံးကိုး စစ်ရှောင်များ ရိက္ခာသယ်ယူခွင့်မရသဖြင့် ရက်ပိုင်းအတွင်း အစားအသောက်ပြတ်လပ်တော့မည်

မုံးကိုး စစ်ရှောင်များ ရိက္ခာသယ်ယူခွင့်မရသဖြင့် ရက်ပိုင်းအတွင်း အစားအသောက်ပြတ်လပ်တော့မည်

ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့နယ် တရုတ်နယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်နေသော စစ်ရှောင်များအတွက် စားနပ်ရိက္ခာပို့ဆောင်ပေးရန် အာဏာသိမ်းစစ်တပ်မှ တားဆီးပိတ်ပင်သောကြောင့် အစားသောက်နှင့် ဆေးဝါးအခက်အခဲ ကြုံတွေ့နေရကြောင်း စစ်ရှောင်ပြည်သူတစ်ဦးထံမှ သိရသည်။

ယခုလဆန်းပိုင်းတွင် အာဏာသိမ်းစစ်တပ်နှင့် MNDAA ကိုးကန့်တပ်တို့ကြား တိုက်ပွဲကြောင့် မန့်ယန်နှင့် ဘန်မွေးကျေးရွာများမှ စစ်ရှောင်များသည် တရုတ်နယ်စပ်သို့ ထွက်ပြေးနေသည်မှာ ၁ ပတ်ကျော်လာပြီဖြစ်ပြီး ၎င်းတို့အတွက် မုံးကိုးဘက်မှ သယ်ဆောင်လာသော ဆန်၊ ဆီ၊ ဆား စသည့် စားနပ်ရိက္ခာမှန်သမျှကို အာဏာသိမ်းစစ်တပ်က လမ်းတွင် ဖြတ်သွားခွင့်မပြုပဲ ပိတ်ပင်ထားကြောင်း စစ်ရှောင်များက ပြောသည်။

“စစ်တပ်က ဘာကြောင့် ရိက္ခာတွေ မသယ်ခိုင်းဘူးဆိုတာ ကျနော်တို့လည်း သေချာမသိဘူး။ မဖြတ်ခိုင်းဘူးဆိုတာလောက်ပဲ သိတယ်။ ကျတော်တို့မှာ အခုလောလောဆယ်က ၄၊ ၅ ရက်လောက်စားဖို့ပဲ ရှိတော့တယ်။ အဲ့ဒါကုန်ရင်တော့ ဘယ်လိုဖြစ်ဖြစ်ကြိုးစားပြီး နည်းလမ်းရှာပြီး မရှာစားရင်တော့ မရတော့ဘူး။ ကလေးတွေ၊ လူကြီးတွေ ဖျားတာ နာတာတွေရှိလည်းရှိတော့ ကျတော်တို့မှာ ဘာဆေးဝါးမှလည်းမရှိဘူး။ အားလုံး ဖျားတာများလာမှာကိုပဲ စိုးရိမ်နေရတယ်” ဟု တရုတ်နယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်နေသူ စစ်ရှောင်ပြည်သူတစ်ဦးက KNG ကိုပြောသည်။

ထိုသို့ ပိတ်ပင်မှုကြောင့် လက်ရှိထွက်ပြေးနေသော မန့်ယန်နှင့် ဘန်မွှေးကျေးရွာများမှာ စစ်ရှောင် ၁၇၀ ခန့်သည် လာမည့်ရက်ပိုင်းအတွင်း စားနပ်ရိက္ခာနှင့် ဆေးဝါးများပြတ်လပ်ကာ အသက်အန္တရင်ဆိုင်ရတော့မည်ဟု ဆိုသည်။

သြဂုတ် ၃ ရက်နေ့မှစပြီး မုံးကိုးမြို့နယ်အတွင်း အာဏာသိမ်းစစ်တပ်နှင့် ကိုးကန့် MNDAA ကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ဖောင်းဆိုင်ဒေသ မန်ယန်နှင့်ဘန်မွေး ဒေသခံများသည် တရုတ်နယ်စပ်သို့ ထပ်မံ ထွက်ပြေးခိုလှုံနေရခြင်းဖြစ်သည်။

၎င်းတို့ကို တရုတ်နိုင်ငံဘက်မှလည်း လက်ခံခြင်းမရှိသောကြောင့် နယ်စပ်တွင်သာ ဝါးတဲပြုလုပ်ကာ ခိုလှုံနေရကြောင်း သိရသည်။

 
 

 

 

ပူတာအိုမြို့ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ကိုရဲ / Crd)
August 3, 2026
ကချင်ပြည်၊ ပူတာအိုဒေသတွင် ကုန်စည်ဝင်ရောက်မှု အခက်အခဲများကြောင့် အခြေခံ စားသောက်ကုန်...
ဓါတ်ပုံ - ပုံဟောင်း
August 3, 2026
ကချင်ပြည်၊ မြစ်ကြီးနား - ဆွမ်ပရာဘွမ် လမ်းပိုင်းရှိ လမုန်ဇွပ်စစ်တပ်ဂိတ်တွင် အမျိုးသား ၅ ဦးကို...
July 31, 2026
ကချင်ပြည်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်အတွင်းရှိ တာပိန်မြစ်ဝ၌ ရွှေအလွန်အကျွံ...
ဓါတ်ပုံ - HPDF
July 31, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်း KIA ပူးပေါင်းတပ်နှင့် ရှမ်းနီအမျိုးသားများ...