ပွင့်ဖြူတွင် စစ်ကောင်စီထောက်တိုင်နေရာများ၌ ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပေါ်နေ

ပွင့်ဖြူတွင် စစ်ကောင်စီထောက်တိုင်နေရာများ၌ ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပေါ်နေ

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်တွင် စစ်ကောင်စီ ထောက်တိုင်နေရာများ၌ ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။

သြဂုတ်လ (၈) ရက် ညနေပိုင်း၌ ပွင့်ဖြူနယ်မြေ ရဲစခန်းဝင်းအတွင်းရှိ ယာဉ်ထိန်းရုံး၌ ရှော့ခ်တိုက်ဗုံးတစ်လုံး ပေါက်ကွဲခဲ့ပြီး လူထိခိုက်မှုမရှိကြောင်း သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းကလည်း ပွင့်ဖြူမြို့နယ် အနောက်လေးအိမ်ကျေးရွာမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးမြင့်လွင်၏ နေအိမ်ခြံဝင်းအတွင်း ဗုံးပေါက်ကွဲခဲ့မှုကြောင့် စစ်ကောင်စီအဖွဲ့ဝင်များ ရောက်ရှိလာကာ အနီးဝန်းကျင်သို့ သေနတ်ပစ်ဖောက် ခြောက်လှန့်ခဲ့ကြောင်း ဒေသခံတို့က ဆိုကြသည်။

ယင်းအပြင် ကျောင်းကုန်းကြီးကျေးရွာမှ သတင်းပေးဒလန်ဟု နာမည်ကြီးသည့် ဦးဝင်းငွေ၏ ဖြိုးကမ္ဘာဟိန်း စက်သုံးဆီဆိုင်အတွင်း၌လည်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သေးကြောင်း ပွင့်ဖြူဒေသခံတို့ထံမှ သိရသည်။

အဆိုပါဆီဆိုင်သည် ဇွန်လအတွင်းကလည်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သေးသည်။ အဆိုပါ ပေါက်ကွဲမှုများကို မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်ကြောင်း မသိရသေးပေ။

 
 

 

 

Most read this week

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...