နမ့်မချီကျောက်စိမ်းမှော်က စစ်ကောင်စီသတင်းပေး PDF သုတ်သင်

နမ့်မချီကျောက်စိမ်းမှော်က စစ်ကောင်စီသတင်းပေး PDF သုတ်သင်

မိုးညှင်းမြို့နယ် မော်ဟန်ဒေသ နမ့်မချီကျောက်စိမ်းမှော်တွင် အာဏာသိမ်းစစ်ကောင်စီအတွက် ဒေသတွင်းသတင်းများရယူကာ စစ်ကောင်စီသတင်းပေးသူတစ်ဦးအား ပြီးခဲ့သည့် သြဂုတ်လ ၄ ရက်နေ့တွင် PDF တပ်ဖွဲဝင်များက သွားရောက်သုတ်သင်နိုင်ခဲ့ကြောင်း သိရသည်။

သုတ်သင်ခံရသူဖြစ်သည့် အသက် ၃၀ အရွယ် ဦးဖိုးသားသည် နမ့်မချီကျောက်စိမ်းမှော် အောက်စျေးတန်းတွင် လောင်းကစားဒိုင်အဖြစ် လုပ်ကိုင်‌ နေသူဖြစ်ပြီး ဒေသအတွင်း သတင်းဖြစ်စဥ်များအား ရယူကာ အာဏာသိမ်းစစ်ကောင်စီထံ သတင်းပေးပို့နေသူဖြစ်ကြောင်း နမ့်မချီ PDF အဖွဲ့များက အခိုင်အမာဆိုထားသည်။

ကျောက်စိမ်းမှော်ဒေသတွင် အသတ်ခံရသည့် ဦးဖိုးသားသည် လောင်းကစားဒိုင်လုပ်ကိုင်ကာ စစ်ကောင်စီထံ အခွန်အခများ ပေးသွင်းနေသူဖြစ်ကြောင်း သိရသည်။

ယင်းသို့ သွားရောက်သုတ်သင်သည့် PDF တပ်ဖွဲ့များမှာ လုံခြုံစိတ်ချရသည့် နေရာတစ်ခုကို ရောက်ရှိချိန်ဖြစ်၍ သတင်းထုတ်ပြန်ရခြင်းဖြစ်ကြောင်း ဆိုပါသည်။

နမ့်မချီ ကျောက်စိမ်းမှောဒေသသည် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့ဝင်များနှင့် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များအကြား မကြာခဏ ပဋိပက္ခဖြစ်ပွားနေသည့် ကျောက်စိမ်းမှော် ဒေသတစ်ခုဖြစ်သည်။

 
 

 

 

Most read this week

August 3, 2026
ချင်းပြည်၊ ဟားခါးမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အုပ်စု တပ်ဖွဲ့ဝင်များ၏...
August 3, 2026
ငဝန်မြစ်ရေကာတာ တာဘောင်ကျိုးကျမှုကြောင့် တစ်မြို့နယ်လုံးနီးပါး ရေကြီးရေလျှံမှု ဖြစ်ပွားနေသည့်...
August 1, 2026
စစ်အုပ်စုနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ချင်းညီနောင် (CB) အဖွဲ့ဝင်ဖြစ်သည့်...
July 31, 2026
စစ်အုပ်စုတပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ရန်ကုန်နေအိမ်သို့...