ပိတ်ထားရသည့် စည်ပင်သာယာဈေးလုပ်သားများ စားဝတ်နေရေးခက်ခဲ

ပိတ်ထားရသည့် စည်ပင်သာယာဈေးလုပ်သားများ စားဝတ်နေရေးခက်ခဲ

ကိုဗစ်ရောဂါကူးစက်မှု မြင့်မားနေသည့် လက်ရှိကာလအတွင်း မွန်ပြည်နယ်က ပိတ်ထားရသည့် စည်ပင်သာယာဈေးလုပ်သားများ စားဝတ်နေရေး အခက်အခဲပြသာနာ ပိုမိုကြီးထွားလာကြောင်း ဈေးသူဈေးသားများထံမှ သိရသည်။

ကိုဗစ်တတိယလှိုင်းအတွင်း ဈေးဆိုင်ဌားသမားသည်လည်း အလုပ်သမားခ၊ ဆိုင်ခန်းဌားခ မတတ်နိုင်သောကြောင့် ဆိုင်ခန်းပြန်အပ်ကာ ပိတ်သိမ်းမှု ပိုများလာကြောင်း မော်လမြိုင် အမှတ် (၁) ဈေးကော်မတီမှ ဥက္ကဌ ဦးစိုးက ပြောသည်။

"ရပ်ကွက်တိုင်း ရပ်ကွက်တိုင်းမှာ ရေကလည်းကြီး အလုပ်အကိုင်လည်းမရှိ စားဖို့မရှိနဲ့ တော်တော်ကြီးကို ဒုက္ခဖြစ်ကြပါတယ်။ ရောဂါကလည်း အရင်ကထက်ကြီးတော့ တော်တော်ဒုက္ခဖြစ်ကြပါတယ်။ ဈေးမှာဆိုလည်း ဈေးက ပိတ်ထားသလိုပါပဲ လူမရှိကြတော့ဘူး။ အဝယ်လည်း မလာကြဘူး။ ရွာတွေဘက်ကလည်း ဈေးတက်မဝယ်ကြတော့ဘူး။ ဈေးဝယ်တွေလည်း မရှိကြတော့ဘူး" ဟု ၎င်းက ပြောသည်။

ယခင် ကိုဗစ်ဒုတိယလှိုင်းတွင် စားဝတ်နေရေးခက်ခဲကြသော်လည်း ပိုက်ဆံကြိုထုတ်ပေးနိုင်ခြင်း၊ ထောက်ပံ့မှုများရှိခဲ့ခြင်းကြောင့် အဆင်ပြေအောင် လည်ပတ်နိုင်ခဲ့ကြောင်း၊ ယခုကဲ့သို့ စည်ပင်သာယာဈေးများ ပိတ်သိမ်းမှုကြောင့် ဈေးသူဈေးသားများ၏ စားဝတ်နေရေး ထိခိုက်သည့်အပြင် ပုံမှန်လည်ပတ်နေသည့် စီးပွားရေး ၇၅ ရာခိုင်နှုန်းခန့် ကျဆင်းလာကြောင်း ၄င်းက ဆက်ပြောသည်။

‌မြိုင်ရတနာလေးထပ်ဈေးမှ ဆိုင်ပိုင်ရှင်တစ်ဦးက "စားသောက်ကုန်ပဲ ဖွင့်ရမယ်ဆိုပေမယ့်လည်း အရင်ကလောက်တော့ ရောင်းမကောင်းကြဘူးပေါ့။ လူလည်းမလာကြဘူးလေ။ နောက်ပြီး အရင်က ဝန်ထမ်းလေးယောက်ဆိူ အခုက တစ်ယောက်လောက်ပဲ ခန့်ထားနိုင်တဲ့အနေအထားပေါ့။ ဆိုင်ရှင်တွေရော အလုပ်သမားတွေရော အကုန်လုံး ခက်ခဲနေကြတာပါပဲ" ဟု ပြောသည်။

မြိုင်ရတနာလေးထပ်ဈေးအတွင်း ဆိုင်ခန်းဌားထားသူ ၃၅ ရာခိုင်နှုန်းကျော်ရှိပြီး အားလုံးနီးပါး ဆိုင်ခန်းများပြန်အပ်ကာ ပိတ်သိမ်းထားရသည့်အခြေအနေဖြစ်နေကြောင်း ၄င်းကဆက်ပြောသည်။

မော်လမြိုင် အမှတ် (၁) စျေးနှင့် မြိုင်ရတနာစျေးတို့တွင် ဆိုင်ခန်းပေါင်း ၂၀၀၀ ကျော်ရှိပြီး ကုန်ထမ်းသမားများအပါအဝင် အခြေခံလုပ်သား ၃၀၀၀ နီးပါးရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် ပြီးခဲ့သည့် ဇူလိုင်လကစပြီး အခြေခံစားသောက်ကုန်များမဟုတ်သည့် ရွှေဆိုင်၊ အထည်အလိပ်ဆိုင်၊ လျှစ်စစ်ပစ္စည်းဆိုင်နှင့် ကုန်မာဆိုင်များအားလုံး ယာယီပိတ်သိမ်းရန် စည်ပင်သာယာက ညွှန်ကြားခဲ့သည်။

 
 

 

 

March 2, 2026
မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောၚ်အသီးသီးက အကျဉ်းသား အကျဉ်းသူ ၁၆၀ ကျော် ပြန်လွတ်လာပြီး...
ပုံ- IMNA
February 28, 2026
တော်လှန်ရေးကာလတစ်လျှောက်တွင် အမျိုးသမီးများ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးရာကဏ္ဍများ၌...
ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...
February 25, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင်အထွက်ရှိ ဝယ်သွန်ချောင်းလမ်းဝဂိတ်(ခ) ပငဂိတ်၌...