နမ့်ခမ်းမြို့နယ် တိုက်ပွဲဖြစ် စစ်ကောင်စီ တစ်ဦးကျဆုံး၊ အရပ်သားတစ်ဦး ဒဏ်ရာရ

နမ့်ခမ်းမြို့နယ် တိုက်ပွဲဖြစ် စစ်ကောင်စီ တစ်ဦးကျဆုံး၊ အရပ်သားတစ်ဦး ဒဏ်ရာရ

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အတွင်း စစ်ကောင်စီနှင့် TNLA တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ကောင်စီဘက်က တပ်သားတစ်ဦး ကျဆုံးပြီး ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ယနေ့ သြဂုတ် (၈) ရက် မနက် ၄ နာရီကျော်က နမ့်ခမ်းမြို့နယ် ဝမ့်နမ့်မ-ဝမ့်ဟိုပုံနှင့် ဝမ်ဝိန်းကန်းအကြား တိုက်ပွဲဖြစ်ပွားပြီး လက်နက်ကြီး လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

“စစ်ကောင်စီဘက်က တစ်ယောက် ကျဆုံးသွားတယ်။ သူ့အလောင်းကိုတောင် သူတို့ ပြန်မသယ်သွားဘူး။ ရွာထဲ မပေါက်ကွဲသေးတဲ့ လက်နက်ကြီး တစ်လုံးရှိသေးတယ်” ဟု ဝမ့်နမ့်မ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီးနောက် ဝမ့်နမ့်မ–ဝမ့်ပုံရှိ အသက် (၇၀) ကျော် အမျိုးသားတစ်ဦးသည် နေအိမ်တံခါးဖွင့်ကြည့်ရာ စစ်ကောင်စီတပ်ဘက်မှ ထိုအမျိုးသားကို ပစ်ခတ်ခဲ့သဖြင့် အပေါ်နှုတ်ခမ်း ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“သွားလည်းကျိုးသွားပြီး အပေါ်နှှုတ်ခမ်း ထိသွားတယ်။ ခုချိန်ထိ လက်နက်ကြီးသံ တစ်ချက်တစ်ချက် ကြားနေရသေးတယ်” ဟု နမ့်ခမ်းဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားသည့် နေရာသည် နမ့်ခမ်းမြို့နှင့် တစ်မိုင်ခန့်သာကွာဝေးပြီး မြို့ထဲတွင်လည်း လက်နက်ကြီးသံ တစ်ချက်တစ်ချက် ကြားနေရကြောင်း ဒေသခံများက ပြောဆိုကြသည်။

ယနေ့ ဖြစ်ပွားသည့် တိုက်ပွားအခြေအနေကို TNLA ပြောရေးဆိုခွင့်ကို ဆက်သွယ်သော်လည်းမရရှိသေးပေ။

 
 

 

 

May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...
May 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည်...
May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...