ပဲခူး PDF တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား သေဆုံး ဒဏ်ရာရသူများရှိ

ပဲခူး PDF တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား သေဆုံး ဒဏ်ရာရသူများရှိ

ပဲခူး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မြို့၏ အထင်ကရနေရာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်သားတစ်ဦး သေဆုံးပြီး ဒဏ်ရာရသူများရှိခဲ့သည်။

တိုင်းဒေသကြီးမြို့တော်၏ ခန်းမဖြစ်သည့် သီရိဟံသာခန်းမထဲတွင် ကင်းစောင့်နေသော တပ်များကို သြဂုတ်လ ၇ ရက်နေ့ နံနက် ၈ နာရီခွဲတွင် တိုက်ခိုက်မှုဖြစ်သည်။

"ဗုံးက အပြင်းစားပါ။ စစ်ခွေးတစ်ကောင်သေတယ်" ဟု PDF ပဲခူးမှ တာဝန်ရှိသူတစ်ဦးမှ ပြောသည်။

ပေါက်ကွဲမှုများပြင်းထန်ပြီး ဆိုင်ကယ်စီးနင်းလာသူက ဗုံးကို အပြင်မှ ပစ်သွင်းလိုက်ခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။

စစ်သားနှင့်ရဲတို့ ပူးပေါင်းကင်းစောင့်နေသောနေရာတွင် ပေါက်ကွဲမှုက ဒဏ်ရာရသူများလည်းရှိသည်ဟု သိရသည်။

ဗုံးပေါက်ကွဲပြီးနောက် ပဲခူးမြို့ နေရာအနှံ့တွင် စစ်တပ်မှ စစ်ဆေးရေးပြုလုပ်ခဲ့ပြီး လမ်းအချို့ ပိတ်ခဲ့သည်။

 
 

 

 

ရေကြီးရေလွှမ်းမိုးမှု မြင်ကွင်းတစ်ခု။ / CJ
August 31, 2026
လေဖိအားနည်းရပ်ဝန်း၏ အရှိန်နှင့် မုတ်သုံလေ အားကောင်းနေသည့်အတွက် တိုင်းနှင့် ပြည်နယ် ၇ ခုတွင် နေရာ...
ဓာတ်ပုံ - (ထောပတ်သီးအချို့ / Crd)
August 31, 2026
မြန်မာနိုင်ငံထွက် ထောပတ်သီးများကို ထိုင်းနိုင်ငံသို့ အများဆုံး တင်ပို့လျက်ရှိသော်လည်း...
ဓာတ်ပုံ - (မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရသည့် ကျေးရွာတစ်ရွာကို တွေ့ရစဉ် / Crd)
August 29, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များ တည်ရှိရာ ဒေသများသို့ ဦးတည်...
ဓာတ်ပုံ - (မန်ကတ်မြို့ သင်တန်းကျောင်း၌ စစ်မှုထမ်းရန် စုဆောင်းခံထားရသူများကို တွေ့ရစဉ် / MOI)
August 28, 2026
ရန်ကုန်နှင့် မန္တလေး မြို့ကြီးများတွင် စစ်မှုထမ်းရန် တပ်သားစုဆောင်းရေးအတွက်...