မတ္တရာမြို့နယ်မှာ လက်နက်တွေ ဖမ်းဆီးခံရ

မတ္တရာမြို့နယ်မှာ လက်နက်တွေ ဖမ်းဆီးခံရ

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ မန္တလေး-မိုးကုတ်ကားလမ်းပေါ် ပန်းယျကျေးရွာအနီးမှာ လက်နက်တွေတင်ဆောင်လာတဲ့ ထော်လာဂျီတစ်စီး ဒီနေ့ ဩဂုတ် ၈ ရက်၊ မနက်ပိုင်းမှာ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

မတ္တရာမြို့နယ်၊ တောင်နီ တောင်ခေါင်းဘက်မှ မောင်းနှင်လာတဲ့ (ပုဇင်းခေါင်း) ထော်လာဂျီကို အာဏာသိမ်းလက်နက်ကိုင်အဖွဲ့က လိုက်လံ တားဆီး ဖမ်းဆီးခဲ့တာလည်းဖြစ်ပါတယ်။

ယာဉ်မောင်းဖြစ်သူ အသက် ၂၅ နှစ်အရွယ်တစ်ဦးနဲ့ အဲဒီယာဉ်ပေါ်ပါ အသက် ၁၅ နှစ်အရွယ် တစ်ဦးကို ဖမ်းဆီးထားပြီး တစ်ဦးက လွတ်မြောက်သွားတယ်လို့ သိရပါတယ်။

"ဖမ်းတယ်ဆိုမှတော့ ဒလန်သတင်းပေးကြောင့်ပေါ့ဗျာ။ အတိအကျကြီး စောင့်ဖမ်းတာပဲ။ အခု ရဲစခန်းထဲမှာ လက်နက်တွေ စစ်နေတယ်" လို့ မတ္တရာမြို့ခံတစ်ဦးက ပြောပါတယ်။

K 22 သေနတ် ၆၀ လက်၊ လက်ပစ်ဗုံး ၈၀ လုံး၊ အီနာဂါ ၈၅ လုံး၊ ကျည်ဘောက် ၁၁၀ ခု၊ ကျည်မျိုးစုံ ၈၀၀၀ ခန့်၊ လွယ်ကြိုး ၂၁ ချောင်း၊ စစ်ရောင်အီကွေ့မန့် ၆၀ စုံတို့ ဖမ်ဆီးရမိကြောင်း သိရပါတယ်။

မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မတ္တရာမြို့နယ်အတွင်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ပြည်သူတွေ စားဝတ်နေရေးခက်ခဲနေချိန် ဂုတ်သွေးစုပ် အမြတ်ထုတ်မှုတွေမလုပ်ဖို့ သတိပေးကြေညာစာထုတ်ပြီးနောက် အခုလို မတ္တရာမြို့နယ်အတွင်းမှာ လက်နက်တွေ မိခဲ့ခြင်းဖြစ်ပါတယ်။

လက်ရှိမှာ အာဏာသိမ်းလက်နက်ကိုင်အဖွဲ့က မတ္တရာမြို့နယ်အတွင်း အဝင်/အထွက်တွေ စစ်ဆေးနေသလို မြို့အတွင်းလည်း လှည့်လည်နေတာတွေ လုပ်နေတယ်လို့ သိရပါတယ်။

 
 

 

 

ဓာတ်ပုံ - (မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရသည့် ကျေးရွာတစ်ရွာကို တွေ့ရစဉ် / Crd)
August 29, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များ တည်ရှိရာ ဒေသများသို့ ဦးတည်...
ဓာတ်ပုံ - (မန်ကတ်မြို့ သင်တန်းကျောင်း၌ စစ်မှုထမ်းရန် စုဆောင်းခံထားရသူများကို တွေ့ရစဉ် / MOI)
August 28, 2026
ရန်ကုန်နှင့် မန္တလေး မြို့ကြီးများတွင် စစ်မှုထမ်းရန် တပ်သားစုဆောင်းရေးအတွက်...
August 28, 2026
မန္တလေး အိုးဘိုအကျဉ်းထောင်အတွင်း ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားများအပေါ် အောက်ခြေ ထောင်ဝန်...
August 27, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်နေသည့် စစ်အုပ်စုတပ် စစ်ကြောင်းသည်...