ကြာအင်းဆိပ်ကြီးမြို့နယ်တွင် စိုက်လယ် ဧက ၂ဝဝဝ နီးပါး ရေလွှမ်းခံခဲ့ရပြီး ထိခိုက်ပျက်စီးမှုများနေ

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် စိုက်လယ် ဧက ၂ဝဝဝ နီးပါး ရေလွှမ်းခံခဲ့ရပြီး ထိခိုက်ပျက်စီးမှုများနေ

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ဇူလိုင် ၂ဝ ရက်နောက်ပိုင်း မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျရေနှင့် မြစ်၊ ချောင်းရေလျှံမှုကြောင့် လယ်စိုက်ဧကအများစု ရေလွှမ်းနစ်မြှုပ်ခံရပြီး ထိခိုက်ပျက်စီးမှုများလည်းရှိသည်ဟု တောင်သူများထံမှ သိရသည်။

တောင်ယာ၊ ကျဲခင်းနှင့် စိုက်ပြီး လယ်ဧက ၃ဝ,ဝဝဝ ဝန်းကျင်မှာ ဧက ၂ဝဝဝ နီးပါး ရေလွှမ်းနစ်မြှုပ်ခံခဲ့ရပြီး အပင်များ ထိခိုက်ပျက်စီးသည့်အတွက် ပြန်လည်စိုက်ပျိုးနိုင်ရန် မျိုးစေ့အခက်အခဲလည်း ရှိနေသည်ဟု တောင်သူများက ကေအိုင်စီ သို့ပြောသည်။

ဝင်းရော်ဒေသမှ တောင်သူစောရွှေလှဝင်းက “ လယ်ဧက ၁ဝဝ နီးပါး ရေမြှုပ်သွားတယ်။ အခုအပင်တွေ ပုပ် ကုန်ပြီးလေ။ ပြန်စိုက်ဖို့က မျိုးစေ့ရှာရဖို့ အခက်အခဲရှိတယ်။ စိုက်ဘဏ်ကလည်း ငွေထုတ်မချေးပေးသေးဘူး။ ဘယ်အစိုးရကို အားကိုရမှန်း မသိတော့ဘူး” ဟု ဩဂုတ် ၇ ရက်နေ့ ကေအိုင်စီသို့ပြောသည်။

ရေလွှမ်းခြင်းကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စိုက်ဧကများကို စာရင်းပြုစုကာ သက်ဆိုင်ရာထံ တင်ပြပြီး လိုအပ်မည့်ထောက်ပံ့မှုများလည်း ကူညီဆောင်ရွက်ပေးနိုင်အောင် စီစဉ်ဆောင်ရွက်နေလျက်ရှိသည်ဟု စိုက်ပျိုးရေးဌာနများထံမှ သိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူးစောဝေလင်းညွန့်က “ရေးလွှမ်းခံရလို့ စပါးတွေ ထိခိုက်တာ ပျက်စီးတာရှိတယ်။ ၁၇၅၇ ဧက ရေနစ်မြှုပ်ခံရတယ်။ သေတာတို့က သေချာစာရင်းကောက်ပြီး လုပ်သွားမယ်။ ပြည်နယ်ကိုလည်း တင်ပြထားတယ်။ ထောက်ပံ့မယ့်ဟာတော့ ရှိတယ်ပေါ့နော်” ဟု ဩဂုတ် ၇ ရက်နေ့ ကေအိုင်စီသို့ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ပြီးခဲ့သည့် ၂ဝ၁၉ ခုနှစ်တွင်လည်း မိုးအဆက်မပြတ်သွန်းမှုကြောင့် မြစ် ချောင်းရေနှင့် တောင်ကျရေစီးဆင်းမှုကြောင့် လမ်း၊ တံတား၊ လူနေအိမ်များ ထိခိုက်ပျက်စီးခဲ့ပြီး မွေးမြူရေး လုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းများ ထိခိုက်ပျက်စီးမှုရှိခဲ့ရာ တောင်သူအချို့သည် ယနေ့အထိတိုင် ၎င်းတို့၏လုပ်ငန်းများ ပြန်လည်ထူထောင်နိုင်ခြင်း မရှိသေးကြောင်း ကျေးရွာတာဝန်ရှိသူများထံမှ သိရသည်။

May 12, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးနှင့် ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာတချို့တို့တွင် ယခုနှစ်နွေရာသီ...
May 11, 2026
ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA နယ်မြေအတွင်းရှိ ဒေသခံလူထုများ ကြုံတွေ့နေရသည့်...
May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...