တရုတ်အဝယ်လိုက်လို့ မွန်ပြည်နယ်ထွက် ရာဘာတွေ စျေးကောင်းရနေ

တရုတ်အဝယ်လိုက်လို့ မွန်ပြည်နယ်ထွက် ရာဘာတွေ စျေးကောင်းရနေ

မွန်ပြည်နယ်ထွက် ရာဘာတွေကို တရုတ်စျေးကွက်က အဝယ်လိုက်နေလို့ အရင်ကထက် စျေးကောင်းရနေတယ်လို့ ရာဘာတောင်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မနှစ်က ရာဘာတစ်ပေါင်ကို ကျပ် (၈၀၀) ကျော်သာ စျေးရခဲ့ပေမယ့် ယခုနှစ်မှာတော့ ရာဘာတစ်ပေါင်ကို ကျပ် (၉၇၀) ကနေ ကျပ် (၁,၀၇၀) အထိ တရုတ်က ပေါက်စျေးပေးဝယ်နေတာပါ။

အခုလိုအခြေအနေကြောင့် ပြည်နယ်အတွင်းမှာ ရာဘာစျေးကွက် အတည်တကျမရှိနေဘဲ ရောင်းသူနဲ့ဝယ်သူအကြား ကြိုက်ရောင်းကြိုက်ဝယ် ဖြစ်နေတယ်လို့ ရာဘာတောင်သူတွေက ဆိုပါတယ်။

"ရာဘာအသစ်က မထွက်သေးဘူးလေ၊ အသစ်မထွက်သေးတော့ ရှိနေတဲ့ သိုလှောင်ထားတဲ့အပေါ်မှာပဲ ဝယ်လဒ်တွေက အဲ့တာကို ဖုန်းဆက်ပြီးတော့ လိုက်တောင်းဝယ်နေတာပေါ့၊ တောင်းဝယ်နေတော့ သူတို့ရဲ့ ထုတ်ကုန်ပစ္စည်း သုံးတဲ့လူတွေရဲ့ ဝယ်နိုင်တဲ့ အင်အားပေါ်မှာပဲ အခြေခံပြီးတော့ ဝယ်ပြီးတော့ သိုလှောင်တာလည်း ဖြစ်ချင်ဖြစ်မယ်၊ သုံးနေတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့" လို့ ရာဘာလုပ်ငန်းလုပ်ကိုင်သူ ဦးဘုန်းမြင့်က ပြောပါတယ်။

မွန်ပြည်နယ်ထွက် ရာဘာတွေဟာ ပြည်တွင်းစျေးကွက်အပြင် တရုတ်နဲ့ ထိုင်းစျေးကွက်တို့ကို အဓိက တင်ပို့ရောင်းချနေတာ ဖြစ်ပါတယ်။

ပြည်နယ်အတွင်းမှာတော့ ရာဘာစိုက်ဧက လေးသိန်းကျော်ရှိပြီး တစ်နိုင်ငံလုံးက ရာဘာကုန်ကြမ်းထုတ်လုပ်မှုရဲ့ ငါးဆယ်ရာခိုင်နှုန်းကို မွန်ပြည်နယ်က ထုတ်လုပ်နေတာပါ။

ကိုဗစ်-၁၉ ပထမလှိုင်းနဲ့ ဒုတိယလှိုင်းမှာတော့ မွန်ပြည်နယ် ရာဘာစျေးကွက်ဟာ အောက်ဆုံးအထိ ထိုးကျသွားပြီး ယခုမှသာ ပြန်လည် ဦးမော့လာတာ ဖြစ်ပါတယ်။

 

 
 

 

 

May 11, 2026
မွန်ပြည်နယ် ပေါင်မြို့နယ်မှာ လွှတ်တော် ကိုယ်စားလှယ်များရုံး ဆောက်လုပ်ဖို့ ဆိုကာ မွန်ညီညွတ်...
May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...
May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...
May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...