သံအမတ်ကြီး ဦးကျော်မိုးထွန်းကို လုပ်ကြံရန် ပူးပေါင်းကြံစည်မှုဖြင့် မြန်မာ ၂ ဦးကို ဖမ်းဆီးအမှုဖွင့်

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို လုပ်ကြံရန် ပူးပေါင်းကြံစည်မှုဖြင့် မြန်မာ ၂ ဦးကို ဖမ်းဆီးအမှုဖွင့်

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းအား တိုက်ခိုက်ရန် ပူးပေါင်းကြံစည်ခဲ့မှုအတွက် မြန်မာနိုင်ငံသားနှစ်ဦးကို အမေရိကန်အစိုးရရှေ့နေများက အမှုဖွင့် စွဲချက်တင်ထားသည်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူဖြစ်သလို မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုအတွက် ဟုတ်တိုင်းမှန်ရာ ထောက်ခံပြောဆိုသူတစ်ဦးဖြစ်သည့် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထိခိုက်နာကျင်စေလိုခဲ့သည့် မအောင်မြင် ပျက်ပြားခဲ့သော ကြိုးပမ်းမှုတစ်ရပ်နှင့်ပတ်သက်ပြီး အမေရိကန် စုံစမ်းစစ်ဆေးရေးအရာရှိများက သြဂုတ် ၆ ရက်တွင် ထုတ်ဖော်ကြေညာခဲ့ခြင်း ဖြစ်သည်။

အသက် ၂၈ နှစ်ရှိ ဖြိုးဟိန်းထွဋ်နှင့် အသက် ၂၀ နှစ်ရှိ ရဲဟိန်းဇော်တို့နှစ်ဦးကို အမေရိကန်မြေပေါ်တွင် နိုင်ငံခြားသံတမန်အရာရှိကြီးတစ်ဦးအား ပြင်းထန်စွာ ကိုယ်ထိလက်ရောက် ကျူးလွန်ရန်နှင့် အကြမ်းဖက် တိုက်ခိုက်မှုတစ်ခု လုပ်ဆောင်ရန် ပူးပေါင်းကြံစည်မှု စွဲချက်ဖြင့် စွဲဆိုထားပြီး ထိုစွဲချက်ပုဒ်မက ၎င်းတို့နှစ်ဦးကို အများဆုံး ထောင်ဒဏ် ငါးနှစ်အထိ ချမှတ်နိုင်ကြောင်း နယူးယော့ခ် တောင်ပိုင်းခရိုင် အမေရိကန်ရှေ့နေ အူဒရေးစထရော့စ်က ပြောကြားသည်။

“ဖြိုးဟိန်းထွဋ်နဲ့ ရဲဟိန်းဇော်တို့ဟာ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီးကို အပြင်းအထန် ထိခိုက်နာကျင်စေဖို့ ဒါမှမဟုတ် လုပ်ကြံသတ်ဖြတ်ဖို့ ပူးပေါင်းကြံစည်ခဲ့ကြတယ်၊ ဒါဟာ အမေရိကန်မြေပေါ်မှာ နိုင်ငံခြားသံအရာရှိကြီးတစ်ဦးကို တိုက်ခိုက်မှုလုပ်ဆောင်ဖို့ စီစဉ်မှုတစ်ခုလည်း ဖြစ်ပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

လျှို့ဝှက်ပူးပေါင်းကြံစည်မှုနှင့်ပတ်သက်ပြီး ဖြိုးဟိန်းထွဋ်က အမေရိကန် ဖက်ဒရယ်စုံစမ်းစစ်ဆေးရေး‌ဗျူရို (FBI) စုံစမ်းရေးမှူးများကို ထွက်ဆိုပြောကြားခဲ့ရာတွင် မြန်မာအာဏာသိမ်းစစ်တပ်ထံ လက်နက်များရောင်းချထားခဲ့သည့် ထိုင်းလက်နက်ပွဲစားတစ်ဦးက ၎င်းကို အွန်လိုင်းကနေ ဆက်သွယ်ခဲ့ကြောင်း၊ ယင်းနောက် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထိခိုက်နာကျင်စေအောင် လုပ်ရန်အတွက် တိုက်ခိုက်သူတွေကို ငှားရမ်းရန်နှင့် ရာထူးကနေ ဆင်းစေရေး ခြိမ်းခြောက်ဖိအားပေးရန်အတွက် ငွေပေးမည်ဟု ကမ်းလှမ်းခဲ့ကြောင်း ပြောခဲ့သည်။

အကယ်၍ ဦးကျော်မိုးထွန်းက ၎င်း၏ရာထူးကနေ ထွက်ပေးရန် ငြင်းဆန်ပါက တိုက်ခိုက်သူများက ၎င်းကို အသက်သေစေအထိ လုပ်ဆောင်ရန်အတွက် လက်နက်ပွဲစားက ပြောဆိုထားခဲ့ကြောင်း ထွက်ဆိုချက်များအရ သိရသည်။

ယင်းနောက် ဖြိုးဟိန်းထွဋ်နှင့် ထိုင်းလက်နက်ပွဲစားတို့သည် သံအမတ်ကြီး၏ ကားမတော်တဆမှု ဖြစ်စေရန် လုပ်ဆောင်မည့် အစီအစဉ်တစ်ခုကိုလည်း သဘောတူခဲ့ကြောင်း သိရသည်။

ဇူလိုင်လကုန်ပိုင်းတွင် ရဲဟိန်းဇော်ဆိုသူက ဖြိုးဟိန်းထွဋ်ထံ ဆက်သွယ်လာခဲ့ပြီး စုစုပေါင်း ကန်ဒေါ်လာ ၄,၀၀၀ ကို နှစ်ကြိမ်ခွဲလွှဲပေးခဲ့ကြောင်း ထွက်ဆိုချက်များအရ သိရသည်။

တိုက်ခိုက်မှု အောင်မြင်ပါက နောက်ထပ် ကန်ဒေါ်လာ ၁,၀၀၀ ထပ်ရမည်ဟု နားလည်ခဲ့ကြောင်း ဖြိုးဟိန်းထွဋ်က FBI ထံ ထွက်ဆိုခဲ့သည်။

ယင်းနောက်တွင် သံအမတ်ကြီးကို လုပ်ကြံရန် သို့မဟုတ် ထိခိုက်အနာတရဖြစ်စေရန် လူသတ်သမားတစ်ဦးအား ငှားရမ်းမည့် အစီအစဉ်တစ်ခုကို ဖြိုးဟိန်းထွဋ်က ၎င်းအား ပြောခဲ့ကြောင်း ကုလဆိုင်ရာ မြန်မာသံအဖွဲ့အတွက် စေတနာ့ဝန်ထမ်း လုံခြုံရေးအစောင့် တာဝန်ယူပေးနေသူတစ်ဦးက FBI ကို ပြောခဲ့ကြောင်း သိရသည်။

ထွက်ဆိုချက်များအရ ရဲဟိန်းဇော်ကလည်း ဖြိုးဟိန်းထွဋ်ထံ ငွေလွှဲပေးခဲ့ကြောင်း ဝန်ခံခဲ့သလို ၎င်းသည် ထိုင်းလက်နက်ပွဲစားကိုယ်စား အခြားသူများကိုလည်း ပုံမှန် ငွေပို့ထားခဲ့ဖူးကြောင်း ထွက်ဆိုထားခဲ့သည်။

အမေရိကန် ဥပဒေစိုးမိုးရေး တာဝန်ရှိသူများအနေဖြင့် မြန်မာသံအမတ်ကြီးနေသည့် နယူးယော့ခ်မြို့ ဝက်စ်ချက်စတာကောင်တီတွင် ဖြစ်နိုင်ဖွယ် လုပ်ကြံမှု အစီအစဉ်တစ်ခုနှင့်ပတ်သက်ပြီး သတင်းရရချင်း “မြန်မြန်ဆန်ဆန်၊ ကြိုးကြိုးစားစား” အရေးယူလုပ်ဆောင်ခဲ့ကြောင်း FBI ၏ ခေတ္တလက်ထောက်ညွှန်ကြားရေးမှူး ဂျက်ကွယ်လင်းမက်ဂွဲရားက ပြောသွားခဲ့သည်။

 

 
 

 

 

March 18, 2026
အတုအယောင်အဖြစ် ဝေဖန်ခံထားရသည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲအပြီး ယနေ့ (မတ် ၁၈) တွင် ကျင်းပသည့်...
ရုရှားနိုင်ငံထုတ် စစ်ကော်မရှင်၏တိုက်လေယာဉ်အသစ်များကို အာဏာသိမ်းပြီးကာလမှာ တွေ့ရစဉ်(ပုံအဟောင်း-AFP)
March 17, 2026
ဓာတု — မန္တလေးတိုင်း၊ မြင်းခြံခရိုင်ရှိ မြင်းခြံနှင့်နွားထိုးကြီးမြို့နယ်တို့တွင် နှစ်လတာအတွင်း...
ဓာတ်ပုံ - ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်အဖွဲ့ဝင် သုံးဖွဲ့မှ တပ်သားများကို အတူတကွ တွေ့ရစဥ် ။
March 16, 2026
မောင်ခက်နွေ — ညီနောင်မဟာမိတ် အဖွဲ့ဝင်များ ဖြစ်သည့် MNDAA နှင့် TNLA တို့အကြား ဖြစ်ပွားနေသည့်...
March 14, 2026
စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း  ညောင်လေးပင်မြို့နယ်၌ ကျူးလွန်ခဲ့သည့်...