ခင်ဦးနယ်သား စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး အသတ်ခံရ

ခင်ဦးနယ်သား စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး အသတ်ခံရ

ခင်ဦးမြို့နယ် မုံလှကျေးရွာမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးဖြစ်သူ ကိုဇော်မင်းနိုင် အသက် ၄၃ နှစ်ဝန်းကျင်သည် ဒီကနေ့ ဩဂုတ်လ ၇ ရက် နံနက် ၁ နာရီအချိန်၊ နေအိမ်အတွင်း သေနတ်ဖြင့် ပစ်သတ်ခံရမှု ဖြစ်ပွားခဲ့သည်။

“အဖွဲ့လိုက် သူ့ကို လာသတ်သွားတယ်လို့ ကျွန်တော်တို့ကြားတယ်၊ သေနတ်တွေနဲ့ပါ ပစ်သွားကြတာ၊ သူက ဆန္ဒပြခေါင်းဆောင်တွေနဲ့ ဆန္ဒပြပြည်သူတွေကို သတင်းပေးတာတွေ၊ PSI စလောင်းတွေ ဖြုတ်သိမ်းတာတွေ၊ ကျေးရွာအတွင်း CDM တွေကိုကူညီတဲ့ ကိစ္စတွေမှာလည်း အလှုခံပြီး ထောက်ပံ့သူရော လှူတဲ့သူရောပါ တိုင်မယ်လို့ပြောတယ်ဗျ” ဟုဒေသခံက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးအကြောင်းကို ပြောသည်။

သေဆုံးသူရုပ်အလောင်းကို မနက် ၃ နာရီအချိန်၊ စစ်ကောင်စီတပ်သားများ လာရောက်သယ်ဆောင်သွားပြီး နေ့လယ်အချိန်လောက်မှ အလောင်းပြန်ရမည်ဟု ပြောသွားကြောင်း ဒေသခံကဆိုသည်။

သေဆုံးသူ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးဖြစ်သူသည် ရွာအနီး အခြားစစ်တပ်ထောက်ခံသည့်ရွာများအား ဦးဆောင်စည်းရုံးကာ၊ ပြည်သူ့ကာကွယ်ရေးတပ်သားများနှင့် CDM ပြုလုပ်ထားသူများအား ဖမ်းဆီးရန် စောင့်ကြည့်သတင်းပေးနေမှုများကို ဆောင်ရွက်နေကြောင်း ဒေသခံကဆိုသည်။

“မြင်းဒေါင်းကနေ ကာဘိုးနယ်ထိ ကတ္တရာလမ်း ၉ မိုင်က ပုဂ္ဂလိကလမ်းဆိုတော့ မုံလှရွာက ခုသေတဲ့အုပ်ကြီးက ဦးဆောင်ပြီး လမ်းကြေးကောက်တဲ့ဂိတ်တွေကို လမ်းထိပ်နှစ်ခုမှာဖွင့်ပြီး ဆိုင်ကယ်ကအစ လမ်းကြေးကောက်တယ်ဗျ၊ ပြီးတော့ CDM ဝန်ထမ်းတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်သားလို့ သူတို့သတင်းရတဲ့သူတွေကို စောင့်ကြည့်ပြီး သတင်းပေးတာတွေလုပ်တယ်” ဟု ဒေသခံကဆိုသည်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်အတွင်း ခင်ဦး၊ ရေဦး၊ တန့်ဆည်၊ ဒီပဲယင်းမြို့နယ်များတွင် ရပ်ကျေးအုပ်ချုပ်ရေးမှုးများ တွင်တွင်ကျယ်ကျယ် နှုတ်ထွက်လျှက်ရှိသည်။

အဆိုပါမြို့နယ်များမှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများ အသက်ခံရမှုမှာလည်း ခပ်စိပ်စိပ်ဖြစ်ပေါ်လျက်ရှိပြီး ခင်ဦးမြို့နယ်တွင် ၁၆ ဦးရှိပြီဖြစ်ကြောင်း သေဆုံးမှုစာရင်းများအရ သိရသည်။

 
 

 

 

Most read this week

March 18, 2026
အတုအယောင်အဖြစ် ဝေဖန်ခံထားရသည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲအပြီး ယနေ့ (မတ် ၁၈) တွင် ကျင်းပသည့်...
ရုရှားနိုင်ငံထုတ် စစ်ကော်မရှင်၏တိုက်လေယာဉ်အသစ်များကို အာဏာသိမ်းပြီးကာလမှာ တွေ့ရစဉ်(ပုံအဟောင်း-AFP)
March 17, 2026
ဓာတု — မန္တလေးတိုင်း၊ မြင်းခြံခရိုင်ရှိ မြင်းခြံနှင့်နွားထိုးကြီးမြို့နယ်တို့တွင် နှစ်လတာအတွင်း...
ဓာတ်ပုံ - ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်အဖွဲ့ဝင် သုံးဖွဲ့မှ တပ်သားများကို အတူတကွ တွေ့ရစဥ် ။
March 16, 2026
မောင်ခက်နွေ — ညီနောင်မဟာမိတ် အဖွဲ့ဝင်များ ဖြစ်သည့် MNDAA နှင့် TNLA တို့အကြား ဖြစ်ပွားနေသည့်...
March 14, 2026
စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း  ညောင်လေးပင်မြို့နယ်၌ ကျူးလွန်ခဲ့သည့်...