စျေးကိုမှီခိုနေရတဲ့ ထောင်နဲ့ချီတဲ့ အခြေခံလုပ်သားတွေ ကိုဗစ်ကြောင့် အခက်တွေ့

စျေးကိုမှီခိုနေရတဲ့ ထောင်နဲ့ချီတဲ့ အခြေခံလုပ်သားတွေ ကိုဗစ်ကြောင့် အခက်တွေ့

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စည်ပင်သာယာစျေးတွေမှာ စျေးရောင်းချခွင့်ကို ကန့်သတ်ထားတဲ့အတွက် စျေးကိုမှီခိုနေရတဲ့ အခြေခံလုပ်သားတွေမှာ တစ်နေ့ထက်တစ်နေ့ စားဝတ်နေရေး ပိုမိုကြပ်တည်းလာပါတယ်။

စျေးတွေမှာ လူစုလူဝေးမဖြစ်စေဖို့အတွက် အခြေခံစားသောက်ကုန်တွေကိုသာ ရောင်းချခွင့်ပြုထားပြီး ကျန်တဲ့ ကုန်မာဆိုင်တွေကို ပိတ်ထားဖို့ စည်ပင်က ညွှန်ကြားထားတာပါ။

ကုန်မာတွေကို အဓိကရောင်းချတဲ့ မော်လမြိုင် အမှတ် (၁) စျေးနှင့် မြိုင်ရတနာစျေးတို့မှာတော့ ဆိုင်ခန်းပေါင်း (၂၀၀၀) ကျော်ရှိပြီး စျေးကူရောင်းသူတွေနဲ့ ကူလီတွေအပါအဝင် အခြား အခြေခံလုပ်သားကတော့ (၃၀၀၀) ကျော်အထိ ရှိတာပါ။

အခုတော့ ကုန်မာရောင်းချတဲ့ ဆိုင်ခန်းအများစု ပိတ်ထားရလို့ အလုပ်သမားအများစု အလုပ်လက်မဲ့ဖြစ်ပြီး စားဝတ်နေရေး ကြပ်တည်းနေကြပါတယ်။

"အခုက ဆိုင်တွေမဖွင့်တော့ အလုပ်မရှိ ဖြစ်နေတာပေါ့၊ အလုပ်မရှိတော့ စားဖို့သောက်ဖို့ကို ဟိုလူ့ဆီချေးရ ဒီလူဆီချေးရ လုပ်နေရတယ်၊ အလုပ်ကတော့ ကြုံရာကျပန်းရှာပြီး လုပ်ရတာပေါ့၊ ရေရှည်ဆိုရင် ထမင်းငတ်ဖို့ ရှိလာနိုင်တာပေါ့" လို့ ဈေးကို မှီခိုလုပ်ကိုင်နေတဲ့ အလုပ်သမား တစ်ဦးက ပြောပါတယ်။

စျေးတွေမှာလည်း ဆိုင်ခန်းအများစုဟာ ကိုဗစ်ကြောင့် ပြန်မဖွင့်နိုင်တော့တဲ့အတွက် စျေးကွက်လည်ပတ်မှုဟာ အတော်လေးထိုးကျသွားတယ်လို့ စျေးကော်မတီအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

"အခက်အခဲက ကြံဖန်ပြီးတော့ လုပ်စားနေရတာပေါ့၊ အလုပ်သမားဆိုလည်း အလုပ်ရှင်မှာပဲ ပိုက်ဆံနည်းနည်း ကြိုထုတ်ပေါ့၊ မနှစ်ကတော့ အခံလေးရှိလို့ ကိစ္စမရှိဘူး၊ ဒီတစ်ခါမှာက တော်တော်ဆိုးတယ်၊ စီးပွားရေးတွေဟာဆိုရင် ရာခိုင်နှုန်းနဲ့ပြောရင် (၇၅) ရာခိုင်နှုန်း ကျသွားတယ်" လို အမှတ် (၁) ဈေးကော်မတီ ဒု-ဥက္ကဋ္ဌ ဦးစိုးက ဆိုပါတယ်။

 
 

 

 

May 12, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့ ဆန်ချီးရပ်ကွက်မှာ အုပ်ချုပ်ရေးမှူး လင်မယား နှစ်ဦး သေနတ်နဲ့...
May 11, 2026
မွန်ပြည်နယ် ပေါင်မြို့နယ်မှာ လွှတ်တော် ကိုယ်စားလှယ်များရုံး ဆောက်လုပ်ဖို့ ဆိုကာ မွန်ညီညွတ်...
May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...
May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...