ပုဒ်မ ၅၀၅ (က) နဲ့ ဖမ်းဆီးခံထားရသူတစ်ဦး အကျဉ်းထောင်အတွင်း သေဆုံး

ပုဒ်မ ၅၀၅ (က) နဲ့ ဖမ်းဆီးခံထားရသူတစ်ဦး အကျဉ်းထောင်အတွင်း သေဆုံး

မွန်ပြည်နယ် ကျိုက်မရော ဗဟိုအကျဉ်းထောင်မှာ ဖမ်း‌ဆီးထိန်းသိမ်းထားတဲ့ အမျိုးသားတစ်ဦး ဩဂုတ် ၄ ရက်နေ့က သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသွားတဲ့ အသက် (၂၉) နှစ်အရွယ် ကိုပြေသိမ်းဟာ ပြီးခဲ့တဲ့ မတ်လ ၂၂ ရက်နေ့က ရေးမြို့နယ် စစ်အာဏာရှင်ဆန္ဒပြပွဲမှာ ဖမ်းဆီးခံလိုက်ရပြီး ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်ခံထားရပါတယ်။

"မနေ့က သူတို့အိမ်ကို ရဲတွေက သူဆုံးပြီးဆိုပြီး အကြောင်းလာကြားတယ်၊ ဘာကြောင့်ဆုံးတာလည်းမေးတော့ ဆီးချိုလို့တော့ပြောတယ်၊ အရင်က သူမှာ ဆီးချိုရှိတယ်လို့လည်း မကြားမိဘူး၊ လက်ရှိအချိန်ထိ အလောင်းမရသေးဘူး၊ ဒီနေ့ (၁၂) နာရီမှ အလောင်းထုတ်ပေးမယ်ပြောတယ်" လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ရေးမြို့နယ်မှာ ဆန္ဒပြနေစဉ် ဖမ်းဆီးခံရသူ လူငယ် (၁၇) ဦးရှိပြီး အဲ့ဒီထဲမှာ အသက်မပြည့်သူတစ်ဦးကိုတော့ လူငယ်ပြုပြင်ထိန်းသိမ်းရေးစခန်းကို ပို့ဆောင်ခဲ့ပြီး ကျန်သူတွေကိုတော့ ကျိုက်မရော ဗဟိုအကျဉ်းထောင်ကို ပို့ဆောင်ခဲ့ကြောင်းနဲ့ လက်ရှိမှာတော့ အမှုရင်ဆိုင်နေရဆဲဖြစ်ပါတယ်။

မွန်ပြည်နယ်မှာ စစ်အာဏာရှင်ကို ဆန္ဒဖော်ထုတ်ခဲ့တဲ့အတွက်‌ေကြာင့် အပြစ်မဲ့ပြည်သူ ၄၀၀ ကျော် မတရားဖမ်းဆီးခံထားရပါတယ်။

August 6, 2026
မွန်ပြည်အတွင်း စက်သုံးဆီပြတ်လပ်သည့် အကျပ်အတည်းများ ဆက်လက်ဖြစ်ပေါ်နေသော်လည်း စစ်အုပ်စု လက်အောက်ခံ...
ပုံဟောင်း (Crd)
August 5, 2026
မွန်ပြည်၊ သထုံခရိုင်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ဒေသခံပြည်သူများကို ဒေသန္တရအမိန့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 4, 2026
မွန်ပြည်တွင် စစ်တပ်က ကျားဖြန့်လုပ်ငန်းများမှ သိမ်းဆည်းထားသည့် လူအသုံးအဆောင် ပစ္စည်းများကို...
August 3, 2026
စစ်အုပ်စု အနေဖြင့် နိုင်ငံတော်သစ်တည်ဆောက်ရေးကို အရှိန်ရအောင် နှစ်နှစ် အချိန်ယူမည်ဖြစ်ပြီး...